Posts

Showing posts from December, 2018

Oldboy (2013) [ Josh Brolin + Elizabeth Olsen ] USA

Image
5.8 IMDB: 5.8/10 56,942 votes 4 nominations. ရုပ်​ရှင်​အညွှန်း =========== တူကြီးကိုင်ပြီး ပွဲကြမ်းနေတဲ့ မင်းသားကြီး Choi Min‑sik ရဲ့ ကိုရီးယားဇာတ်ကား Oldboy(2003) ကို အတော်များများသိကြမှာပါ…နိုင်ငံတကာမှာလဲ ချီးကျူးခံရတဲ့ အဲ့ဒီ့နာမည်ကြီးကိုရီးယားဇာတ်ကားကို  အနောက်တိုင်းက Remark အနေနဲ့ Oldboy(2013)ကို  ပြန်လည်ရိုက်ကူးခဲ့ပါတယ်။မင်းသားကြီး Josh Brolin နဲ့ မင်းသမီးချော Elizabeth Olsen တို့မှ အဓိကပါဝင်ထားပါတယ်။  ကိုရီးယားဇာတ်ကားလောက်မအောင်မြင်ခဲ့ပေမယ့် Remark အနေနဲ့ သူ့ဟာနဲ့သူတော့ မတူတဲ့ရသတစ်မျိုးကို ပေးထားနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။Oldboy ရဲ့ဇာတ်လမ်းအရသာက ကိုယ်တိုင်ခံစားကြည့်ရှုမှ အကောင်းဆုံး အရသာရနိုင်တာမို့  ဇာတ်လမ်းအကြောင်းမပြောပြခဲ့တော့ပါဘူး။မင်းသမီးချော Elizabeth Olsen ကို Marvel Superhero ထဲက Scarlet Witch အဖြစ်လူသိများပြီး Infinity War ဇာတ်ကားထဲက ကမ္ဘာဖျက်ဗီလိန် Thanos အဖြစ် မင်းသားကြီး Josh Brolin  မှပါဝင်ထားတာကြောင့် သူတို့နှစ်ယောက်ကို Infinity War ထဲမှာ ပူးတွဲမြင်တွေ့ရဖို့လဲ ရှိပါသေးတယ်။   File Size…(900 MB) and (330MB)  Quality…BluRay-Rip 720p  Format…m

Storozhova zastava (2017) [ Daniil Kamenskyi + Eva Koshova + Stanislava Krasovska ] { Fantasy } Ukraine

Image
IMDB: 8.5/10 133 votes N/A ရုပ်​ရှင်​အညွှန်း =========== IMDb 7.4 ထိရထားတဲ့ Fantasy Adventure ပုံစံ Ukrainian ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်မျက်မှောက်ခေတ်က ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Vitko ဟာ သူငယ်ချင်းတွေ ဆရာတွေနဲ့ လေ့လာရေးခရီးထွက်ရင်းတောနက်ထဲကိုအရောက် နှစ်တစ်ရာမှာ တစ်ကြိမ်ဖြစ်လေ့ရှိတဲ့ နေကြတ်တာနဲ့ ကြုံရပြီး လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်အေဒီ ၁၁၂၀ ခုနှစ်ကို ပြန်ရောက်သွားပါတယ်ကူမန်းလူမျိုးစုတွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ခံတပ်မြို့လေးတစ်မြို့ကိုရောက်သွားပြီး သူနေထိုင်ရာအရပ်ကို ပြန်ဖို့ နည်းလမ်းတွေကိုရှာရပါတော့တယ်သူ့အချိန်နေရာကို ပြန်ရောက်ဖို့အတွက် stone heart ကို လိုက်ရှာရင်း အဲ့ဒီကျောက်တုံးနောက်ကို လိုက်နေတဲ့ ကူမန်းလူမျိုးစုမှော်ဆရာနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတယ် နောက်ဆုံးမှာတော့ ဘယ်လိုအခက်အခဲမျိုးတွေနဲ့ ရင်ဆိုင်ရမလဲသူ့နေရပ်ဆီကိုပြန်နိုင်မလားဒီမြို့လေးကို ကူမန်းတွေရန်ကနေ ကူညီပေးနိုင်ပါ့မလားသူ့ရဲ့အကြောက်တရားတွေကို ကျော်လွှားပြီး အရာအားလုံးကိုဖြတ်ကျော်နိုင်မလား ဆိုတာကိုစိတ်ဝင်စားစရာ ပုံစံတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်နော်Fantasy ကားတွေ မှော်ကားတွေကြိုက်တ

Maayavan (2017) [ Sundeep Kishan + Jackie Shroff + Lavanya Tripathi + Akshara Gowda ] { Mystery , Sci-Fi , Thriller } India

Image
IMDB: 7.4/10 198 votes N/A ရုပ်​ရှင်​အညွှန်း =========== အင်​စပက်​တာ ကုမုရာဆိုသူဟာ တစ်​​နေ့ မှာ သူခိုးတစ်​​ယောက်​ကို လိုက်​ဖမ်းရင်း လူသတ်​မှုတစ်​ခုနဲ့ အမှတ်​မထင်​ ကြုံလိုက်​ရပါတယ်​အမျိုးသမီးတစ်​​ယောက်​ကို လူတစ်​​ယောက်​က ရက်​ရက်​စက်​စက်​ သတ်​​နေတာဖြစ်​ပါတယ်​အဲ့ဒီလူကို လိုက်​ဖမ်းရင်း သူ​သေကိုယ်​​သေ ဖိုက်​ကြရင်း လူသတ်​သမားလည်း ​သေ. . .ကုမုရာလည်း ​ဆေးရုံမှာ သုံးလ​လောက်​ ကုသမှုခံယူလိုက်ရပါတယ်​​ဆေးရုံကဆင်းပြီး တာဝန်​ပြန်ထမ်း​ဆောင်​​တော့ ဒုတိယလူသတ်​မှုနဲ့ ကြုံရပြန်​ပါတယ်​ နာမည်​​ကျော်​မင်းသမီး ​သေဆုံးမှုဖြစ်​ပြီး အသတ်​ခံရသူရဲ့ လက္ခဏာနဲ့ ​သေဆုံးပုံက ပထမလူသတ်​မှုနဲ့ ဆင်​တူ​နေပါတယ်​မင်းသမီးနဲ့ တရင်းတနှီး​နေတဲ့ မိတ်​ကပ်​ဆရာကို မသင်္ကာလို့ အိမ်​လိုက်​သွားပြီး စစ်​​မေးတဲ့အခါ မိတ်​ကပ်​ဆရာဟာ အခုတ​လော ထူးဆန်းတဲ့ အမူအကျင့်​​တွေ ပြုမူ​နေ​ကြောင်း သိရပြီးအမှုဟာ ထင်​တာထက်​ ပိုရှုပ်​​ထွေးလာခဲ့ပါတယ်​ဒီကားဟာအိန္ဒိယ​တောင်​ပိုင်းကားတစ်​ကားအ​နေနဲ့ ထူးခြားတဲ့ သိပ္ပံကားတစ်​ကားဖြစ်​ပြီးတာမီးလ်​မင်းသား Sundeep Kishan နဲ့  ​ဘောလိဝုဒ်​မင်းသားကြီး Jackie Shroff တို့ အပြိုင်​ကြဲထားတဲ့ Thrillor

The Liquidator (2017) [ Deng Chao + Vicky Chen + Ethan Juan + Liu Shi Shi + Jingfei Guo ] { Action , Crime } China

Image
IMDB: 6.1/10 52 votes N/A ရုပ်​ရှင်​အညွှန်း =========== The Liquidator ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၁၇ခုနှစ်​ထွက်​တရုတ်​ရုပ်​ရှင်​ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​Imdb rating 5.8/10ရရှိထားပြီး ဇာတ်​လမ်းကြာမြင့်​ချိန်​က​တော့ ၂နာရီပါပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက ​တော့ Chao Deng,Ethan Juan,Cecilia liu တို့ဖြစ်​​ပါတယ်​ဇာတ်​လမ်းအကျဉ်းက​တော့ ပြည်​သူလူထုကြာ​ပြောစရာဖြစ်​ခဲ့တဲ့ မ​ကောင်းတဲ့သူ​တွေကို live လွှ့င့်​ပြီးသတ်​ဖြတ်​အပြစ်​​ပေးသည်​အထိ လူသတ်​မှုကိုကျူးလွန်​တဲ့ မိမိကိုယ်​ကို မြို့အလင်း​ရောင်​ သူ​တော်​​ကောင်းအဖြစ်​ခံယူထားသူလူသတ်​သမားကို မှုခင်းစိတ်​ပညာရှင်​ဖြစ်​သူ Feng Mu နဲ့ စုံ​ထောက်​မ​လေးဖြစ်​သူ Mi Nan တို့ နှစ်​​ယောက်​ပူး​ပေါင်းစုံစမ်း​ဖော်​ထုတ်​ကြရပါ​တော့တယ်​….. သူတို့ ၂​ယောက်​ဘာ​တွေ​ကိုစုံစမ်း​တွေ့ရှိမလဲ….အတိတ်​က​ရေစက်​​တွေနဲ့ပတ်​သတ်​မှုရှိ​နေတဲ့လူသတ်​သမား….စတာ​တွေကိုစိတ်​စင်​စားဖွယ်​ကြည့်​ရှုရမယ့်​ မှုခင်းအက်​ရှင်​ကား​ကောင်းတစ်​ကားဖြစ်​ပါတယ်​ File Size : (950 MB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 4min Format : Mp4 Genre :Action, Crime S

Darkest Hour (2017) [ Gary Oldman + Kristin Scott Thomas + Ben Mendelsohn + Lily James ] { Biography , Drama , History } USA , UK

Image
IMDB: 7.4/10 20,505 votes Nominated for 6 Oscars. Another 29 wins & 52 nominations. ရုပ်​ရှင်​အညွှန်း =========== Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ၀င်ထားပြန်ပြီ။လူတိုင်းသိတဲ့ ၀င်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ၀င်စတန်ချာချီရဲ့ ဘ၀တစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ၀န်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ? အဖြေကရှင်းပါတယ်။ ဒီရုပ်ရှင်ထဲမှာ Gary Oldman ဟာ တကယ့်ဝင်စတန်ချာချီ ၀င်သရုပ်ဆောင်နေသလား အောက်မေ့ရလောက်အောင် တူလွန်းလှပါတယ်။ တစ်နေ့ကို ၁၈ နာရီရိုက်ကူးရေးလုပ်ရ

Hanson And The Beast (or) Er dai yao jing (2017) [ Feng Shaofeng + Liu Yifei ] { Comedy , Fantasy , Romance } China

Image
IMDB: 5.5/10 1,198 votes N/A ရုပ်​ရှင်​အညွှန်း =========== ဂူဂူးမင်းသမီးလေး Liu Yifei နဲ့ မင်းသား William Feng တို့အဓိကပါဝင်ထားတဲ့ Hanson and the Beast ဇာတ်ကားဟာ 2017..December မှာထွက်ရှိထားတဲ့ Comedy.. Fantasy .. Romance ကားလေးဖြစ်ပါတယ်။ရုပ်ရှင်မင်းသားဖြစ်ချင်လို့ ကိုယ့်ပိုက်ဆံကိုယ်ထုတ် ဇာတ်ကားရိုက်ရာကနေ နောက်ဆုံးအကြွေးတွေ တောင်လိုပုံသွားတဲ့ ယွမ်ရွှိက် (William Feng) ဟာ အကြွေးတွေကြေဖို့အတွက် ပိုက်ဆံရှိအမျိုးသမီးများနဲ့ ခဏခဏဒိတ်နေသူပါ….တစ်နေ့မှာ ထူးဆန်းစွာကြုံလာတာက ယွမ်ရွှိက်ငယ်ငယ်က ကယ်တင်ပေးခဲ့ဖူးတဲ့ မြေခွေးမိစ္ဆာမလေးပိုင်ချန်းချူ (ဂူဂူး)က ယွမ်ရွှိက်ကိုပြန်တွေ့တော့ ကျေးဇူးကြွေးပြန်ဆပ်မယ်ဆိုပြီး သူ့နောက်ကိုလိုက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်တွေ့မိကြပြီး ပိုင်ချန်းချူက သူမဟာ မြေခွေးမလေးဖြစ်ကြောင်းပြောပြီး မြေခွေးပုံစံပြောင်းပြလိုက်တာ ယွမ်ရွှိက်တစ်ယောက်ကြောက်လန့်ပြီးပြေးတဲ့အပြင် လူတွေလဲ မြေခွေးအကြီးကြီးကို မြင်တွေ့သွားကြပါတယ်… ဒါပေမယ့် သူတို့မိစ္ဆာလောကမှာ မိစ္ဆာတွေကိုစီမံခန့်ခွဲရေးဌာနဆိုတာရှိပါတယ်… အဲ့ဒီ့အဖွဲ့က မြေခွေးကိုတွေ့ခဲ့တယ်ဆိုတဲ့ လူတွေရဲ့မှတ်ဥာဏ်ဖျက်လိုက်ပ

The Croods (2013) { Animation , Action , Comedy , Adventure }

Image
IMDb 7.2 Rotten Tomatoes 77 % ရုပ်​ရှင်​အညွှန်း =========== ဒီကားလေးက သိပ်ပြီး လူသားဆန်တဲ့ကားလေးလို့ ပြောရလေမလား. . . ဟိုး ကျောက်ခေတ် ဂူတွင်းနေ လူသား ဂူအောင်း လူသားတွေ ရဲ့ သဘာဝအကြောင်းကို အခြေခံပြီးဖန်တီးထားတဲ့ Animationကားလေးတစ်ကား. . . Animationဆိုပေမယ့် အထင်တော့မသေးနဲ့. . .ဖခင်တစ်ယောက်ရဲ့ မေတ္တာအကြောင်းနဲ့ မိသားစုကို စောင့်ရှောက်ပုံအကြောင်း. . .တင်းကျပ်လှတဲ့ စည်းမျဉ်းစည်းကမ်းတွေကြားက ဖောက်ထွက်ပြီး ဂူအောင်းမနေလိုတဲ့ သမီးငယ်တစ်ယောက်အကြောင်းကို The Croods မိသားစုလေး ပြသနာအနေနဲ့ ဒီကားမှာ မြင်တွေ့ရမယ်. . . အိမ်ကိုချစ်တဲ့ The Croods မိသားစုမှာ ခေါင်းဆောင် ဖခင်ကြီး Grug(ဂရတ်)တစ်ယောက် အိမ်နီးချင်း ဂူအောင်းလူသားတွေ အမျိုးမျိုးသော အန္တရာယ်ကြောင့် သေဆုံးသွားကြတဲ့အချိန်. .မိမိရဲ့ မိသားစုလေး အသက်ရှင်ရပ်တည်နိုင်ဖို့  စည်းကမ်းတွေတင်းတင်းကျပ်ကျပ်ထုတ်ပြီး ထိန်းသိမ်းပါတော့တယ် . . သိပ်ကို ချစ်စရာကောင်းတဲ့ ဖခင်တစ်ယောက်ပါပဲ. . . သမီးဖြစ်သူ Eep (အိဗ်) ကတော့ ဂူအောင်းပြီး မနေလိုပဲ အသစ်အဆန်းဆို အမြဲတမ်းစိတ်ဝင်တစား ရှာဖွေပြီး ဖခင်ရဲ့အမြင်တွေကို အလိုမကျသူပေါ့. . . ဒီလိုနဲ့ ကမ္ဘာပျက်မယ့်နေ့ နီး

Once Upon A Time At Christmas (2017) [ Simon Phillips + Justin Gordon + Sayla de Goede + Yana Gold + Laurel Brady + Brook Fletcher ] { Horror } UK

Image
IMDB: N/A/10 N/A votes N/A ရုပ်​ရှင်​အညွှန်း ===========  ခရစ်စမတ်ကားကောင်းလေးတစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်.. ဒီကားရဲ့ပုံစံကတော့ Horror ပါ… Horror ပုံစံအတိုင်းပဲကြောက်စရာအခန်းတွေများပါတယ်… အားလုံးသိကြတဲ့ ခရစ်စမတ်ဘိုးဘိုးကြီးဟာ ခရစ်စမတ်နေ့မှာလက်ဆောင်တွေလိုက်ပေးနေကျ လူဝကြီးတစ်ယောက်ပေါ့… ဒါပေမယ့် ဒီကားရဲ့ခရစ်စမတ်ဘိုးဘိုးကြီးတော့ ရူးကြောင်ကြောင်နဲ့ဆိုက်ကိုဖောက်နေတဲ့ လူသတ်သမားတစ်ယောက်ပါ… သူနဲ့အတူ ကောင်မချောချောလေးတစ်ယောက်ပါပါတယ်…သူကလည်းဆန်ဒါကလော့ပါပဲ.. ဒါပေမယ့် ကြောက်စရာမိန်းကလေးဆန်ဒါကလော့ပေါ့… သူတို့နှစ်ယောက်ဟာ ခရစ်စမတ်မတိုင်ခင် ၇ရက်လောက်အလိုမှာ လူတွေကိုတစ်ရက်ကိုတစ်ခါရက်ရက်စက်စက်နဲ့ကိုသတ်ကြတာပါ… တစ်ရက်ကိုတစ်ခါဆိုပေမယ့် ဒီနေ့တစ်ယောက်ဆိုရင်မနက်ဖြန်ရဲ့လူသတ်တဲ့ဦးရေဟာ ဒီနေ့ထက်ကိုပိုများလာတာကလည်းထူးဆန်းစရာပါ…. ဒီလိုနဲ့နှင်းတွေဖုံးလွှမ်းနေတဲ့မြို့လေးမှာလူတွေကိုရက်ရက်စက်စက်အသတ်ခံရတဲ့အတွက် သွေးတွေဖုံးလွှမ်းလာခဲ့ပါတယ်… ဒေသခံရဲတွေဖမ်းဖို့ခက်ခဲလွန်းတဲ့သူတို့နှစ်ယောက်ကို တော်ပါတယ်…တတ်ပါတယ်ဆိုတဲ့ FBI ကလူတွေ ဆင်းလာပြီးဖမ်းတာတောင်မှ  ဘယ်လိုရက်ရက်စက်စက်သတ်ဖြတ်ပစ်လိုက်ကြတယ်ဆိုတာ ဒီကား

Tucker And Dale Vs Evil (2010) [ Eli Craig + Tyler Labine + Alan Tudyk + Katrina Bowden ] { Comedy , Horror } Canada , USA , India , UK

Image
IMDB: 7.6/10 142,392 votes 10 wins & 14 nominations. ရုပ်​ရှင်​အညွှန်း ========== သရဲကားတွေ နဲ့ ဟာသကားတွေဟာ လူတွေကြားမှာ ရေပန်းစားပြီး လူတွေ  ပိုကြိုက်တက်ကြပါတယ်။အဲ့လို ကြိုက်တက် ကြတဲ့ အတွက် လည်း အချင်းချင်း  စနောက် ပြီး ချောက်တက်လှန့်တက် ကြပါတယ်။ အဲ့လို ချောက်လှန့် ရာကနေ မတော်တဆ  ဖြစ်ရပ်တွေ ဖြစ်ဖူးတာတွေ ရှိသလို ရယ်စရာ အဖြစ်အပျက်တွေလည်း ကြုံရတာတွေ ရှိပါတယ်။ အခုကားလေးထဲမှာတော့ ကောလိပ်ကျောင်းသားလေးတစ်သိုက် အားလပ်ရပ် အပန်းဖြေ ခရီး ထွက်ရာမှာ မတော်တဆမှု့တွေနဲ့ ကြုံရတာကို ဟာသဆန်ဆန် နဲ့ရိုက်ကူးပြထားပါတယ်။ IMDB Rating 7.6 နဲ့ Rotten Tomato 86% အထိရရှိထားတဲ့ Horror Comedy ကားလေးပါ။ အနည်းငယ် မိတ်ဆက်ပေးရရင်တော့ အယ်လီဆန် တို့ ကျောင်းသားတစ်သိုက်က တောအုပ် ထဲမှာ  အပန်းဖြေဖို့ ခရီးထွက်လာကျပါတယ်။အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ တက်ကာ နဲ့  ဒေးလ် တို့ကလည်း ငါးမြှားရင်း အနားယူဖို့ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းသားတွေနားက  အိမ်ကိုပဲ ခရီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့ လက်လုပ်လက်စား တက်ကာ နဲ့ ဒေးလ် တို့ရဲ့  မတောက်ပြောင်တဲ့ဖိုသီဖပ်သီ အ၀တ်အစား နဲ့ အတီးအတ အမူအယာတွေကြောင့် ကျေ

My Friend Dahmer (2017) [ Ross Lynch + Anne Heche + Alex Wolff + Lily Kozub ] { Biography , Drama , Horror } USA

Image
IMDB: 6.8/10 1,187 votes 1 win & 3 nominations. ရုပ်​ရှင်​အညွှန်း =========== My Friend Dahmar ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၁၇ခုနှစ်​မှာထွက်​ရှိထားတဲ့မှုခင်းဒရာမာဇာတ်​ကားဖြစ်​ပါတယ်​Imdb rating အ​နေနဲ့ 6.5/10ရရှိထားပြီး ဇာတ်​ကားကြာမြင့်​ချိန်​က​တော့ ၁နာရီ ၄၅ မိနစ်ပါပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက ​တော့ Ross Lynch,Anne Heche,Alex Wolff တို့ဖြစ်​ပါတယ်​ဇာတ်​လမ်းအကျဉ်းက​တော့​ဒီဇာတ်​လမ်းဟာ ၁၉၇၀-၈၀ပြည့်​နှစ်​များဆီက အ​မေရိကန်​ကွင်းဆက်​လူသတ်​သမားတစ်​​ယောက်​ဖြစ်​တဲ့ Jeffrey Dahmer အ​ကြောင်းရိုက်​ကူးထားတဲ့ဖြစ်​ရပ်​မှန်​ဇာတ်​လမ်းဖြစ်​ပါတယ်​… သူ သတ်​ခဲ့တဲ့ အ​ရေအတွက်​ ၁၇​ယောက်​​​တောင်​ပါ…..သတင်း​တွေရဲ့​ခေါင်းကြီးပိုင်းမှာပါခဲ့ပြီး လူတိုင်းစက်​ဆုတ်​​​ကြောက်​ရွံခဲ့ပါတယ်​…ဒီကားဟာ လူသတ်​သမားရဲ့ အ​ကြောင်းကို အ​သေးစိတ်​ရိုက်​နိုင်​တဲ့အပြင်​ သူ့ရဲ့ စိတ်​ခံစားချက်​​တွေအထိချဉ်းကပ်​ထားနိုင်​ခဲ့တာဖြစ်​လို့ ဖြစ်​ရပ်​မှန်​ ဇာတ်​လမ်း​ကောင်းတစ်​ကားဖြစ်​ခဲ့ပါတယ်​..ဘာလို့ဒီ​လောက်​ အ​သေးစိတ်​ရိုက်​နိုင်​ခဲ့တာလဲဆို​တော့ ဒီကားရဲ့ဇာတ်​ညွှန်းဟာ လူသတ်​သမားဖြစ်​သူ Jeffery ရဲ့သူငယ်​ချင်း

Up In The Air (2009) [ George Clooney + Anna Kendrick + Vera Farmiga ] { Drama , Romance } USA

Image
IMDB: 7.4/10 285,137 votes ominated for 6 Oscars. Another 76 wins & 158 nominations. ရုပ်​ရှင်​အညွှန်း =========== ဘ၀ဆိုတာ ခရီးရှည်တစ်ခု… ဒီခရီးကို ဘယ်လိုဖြတ်သန်းမှာလဲ။ ပိုင်ဆိုင်သမျှ အရာရာကို ထည့်သိမ်းဆည်းထားတဲ့ လွယ်အိတ်ကြီးတစ်လုံး လွယ်ပြီးတော့လား။ နေပါ… လွှတ်ချပစ်လိုက်။ အဲဒီ လွယ်အိတ်ကို မီးရှို့ပစ်လိုက်။ စိတ်လွတ်ကိုယ်လွတ်နဲ့ နောက်တစ်နေ့ရဲ့ မနက်ခင်းကို လွင့်မျောပစ်လိုက်။IMDB 7.4 | RT 91% | Roger Ebert 4/4ကိုယ့်ကို ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကနေ ” ခင်ဗျား အလုပ်ပြုတ်ပြီ ” ဆိုပြီး ကုမ္ပဏီက ဘာအကြောင်းမှ မရှိပဲ လာပြောရင် ဘယ်လိုခံစားရမလဲ။ သေချာတာကတော့ စိတ်ဓာတ်တွေ ကျသွားမှာပဲ။ ဒါပေမယ့် သူက ပိုင်တယ်။ ဖြုတ်တာကို ဖြုတ်တယ်လို့ မပြောဘူး။ အခွင့်အလမ်းအသစ်တွေ လာပေးတာပါတဲ့။ဒါ Ryan Bigham ရဲ့ အလုပ်။ ပိုင်ရှင်ကိုယ်စား အလုပ်ဖြုတ်လိုက်ပါပြီလို့ ပြောရတဲ့ အလုပ်။တစ်နှစ်မှာ ရက်ပေါင်း ၃၂၂ရက်လောက် လေယာဉ်စီးပြီး အလုပ်တွေ ဖြုတ်နေရတာ လေယာဉ်ဟာ သူရဲ့အိမ်ဖြစ်နေခဲ့ပြီ။ မိသားစုဆိုတာလည်း မရှိ၊ သံယောဇဉ်ဆိုတာလည်း မထား၊ အရာရာကို လွယ်အိတ်ထဲ ထည့်ပြီး မီးရှို့ထားတဲ့ လူစားပေါ့။ တစ်နေ

Kickboxer - 2 Retaliation (2018) [ Alain Moussi + Christopher Lambert + Jean-Claude Van Damme + Mike Tyson + Sara Malakul Lane ] { Action , Drama } USA

Image
IMDB: N/A/10 N/A votes N/A ရုပ်​ရှင်​အညွှန်း =========== ၂၀၁၈ခုနှစ်ထွက်အက်ရှင်ကားမှ အက်ရှင်ကားဖြစ်တဲ့အတိုက်အခိုက်တွေ မွေထိုင်းဘက်စုံတိုက်ခိုက်ရေးဇာတ်ကားတွေကို ကြိုက်နှစ်သက်သူများအတွက်စိတ်ကြိုက်တွေ့စေမယ့်ကားလေးပါ။ ဒီကားမှာတော့ ကာ့ဒ်တစ်ယောက် ထိုင်းကိုဘယ်တော့မှပြန်မလာတော့ဘူးဆိုပြီး ဆုံးဖြတ်ထားခဲ့ပေမယ့် MMA ကမ္ဘာ့ချန်ပီယံပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုပြန်လည်ခြေချရပါတော့တယ်။ ခဏတာတိမ်းရှောင်ခွင့်ရခဲ့ပေမယ့် ထိုင်းကိုပြန်လာမိတာနဲ့ ယခင် အတိတ်ကရာဇ၀င်ကြွေးတွေဆပ်ဖို့အကြောင်းဖန်လာပါတော့တယ်။   ဘယ်လိုမှရှောင်တိမ်းလို့မရတော့တဲ့ အခါမှာတော့ မွန်ကွတ်ဆိုတဲ့ လူသန်ကြီးကိုအနိုင်ယူနိုင်မှဖြစ်တော့မယ်ဆိုတဲ့အခါမှာတော့ လက်ဝှေ့ကျော်ကြီး မိုင်တိုင်ဆန်၊ ဘောလုံးအကျော်အမော်ကြီး ရိုနယ်ဒင်ဟို၊ နာမည်ကျော်မင်းသားကြီးဗန်ဒိန်းတို့ရဲ့ ရောသမမွှေလေ့ကျင့်ပေးမှုတွေနဲ့အတူ ကာ့ဒ်တစ်ယောက်ကြွေးရှင်းနိုင်မလား။ တစ်ခါတည်းဇာတ်သိမ်းသွားမလားဆိုတာတော့ အက်ရှင်ကားပရိသတ်တွေကိုယ်တိုင်ပဲ ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦး   File Size : (900 MB) and (330 MB) Quality : WEBRip 720p Running Time : 1hr 50min Format

Super 8 (2011) [ Elle Fanning + Joel Courtney + Britt Flatmo + AJ Michalka + Jessica Tuck + Ryan Lee + Kyle Chandler + Riley Griffiths + Zach Mills + Gabriel Basso + Ron Eldard ] { Mystery , Sci-Fi , Thriller } USA

Image
IMDB: 7.0/10 305,350 votes 11 wins & 68 nominations. ရုပ်​ရှင်​အညွှန်း =========== လူငယ်ဇာတ်ကားကောင်းဟောင်းလေးတစ်ကားတင်ပေးချင်ပါတယ်။ ၂၀၁၁ခုနှစ်ထွက် Science Fiction/Thriller ကားကောင်းလေးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင်အောင်မြင်မှုများစွာရရှိခဲ့ပြီး ဒေါ်လာသန်း၂၆၀အထိ ရုံဝင်ငွေရရှိ ခဲ့ပါတယ်။ ထို့အပြင် များစွာသောဆုတွေရရှိခဲ့ပြီး အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်၊ ဂီတပိုင်းဆိုင်ရာနှင့် သရုပ်ဆောင်မှုများတွင် ဝေဖန်မှုကောင်းကောင်းရခဲ့တဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ၁၉၇၉ခုနှစ် နယ်မြို့လေးတစ်မြို့ကိုအခြေတည်ထားပါတယ်။ နယ်ထိန်းရဲတစ်ယောက် ဖြစ်တဲ့ဂျက်နှင့် သူ့သားဖြစ်သူ ဂျိုးတို့ဟာ စတီးမိုင်းတစ်ခုမှ မတော်တဆမှုကြောင့် မိခင်ဖြစ်သူ အယ်လီဇဘယ် သေဆုံးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ ရပါတယ်။ ဒါတွေအားလုံးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတယ်။ ဒီလိုနဲ့လေးလလောက်ကြာတဲ့အခါမှာဂျိုးရဲ့သူငယ်ချင်းဖြစ်သူချားစ်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပြိုင်ပွဲအတွက် ရုပ်ရှင်အတိုလေးတစ်ခုရိုက်ကူးရန် စတင်လုပ်ဆောင်ပါတော့တယ်။ ဇာတ်လမ်းကအဲဒီမှာစတာပါပဲ။ အခြားသောသူငယ်

Stronger (2017) [ Jake Gyllenhaal + Tatiana Maslany ] USA

Image
IMDB: 7.5/10 3,152 votesvotes 1 win & 1 nomination. ရုပ်​ရှင်​အညွှန်း ========== Stronger (2017) ဒီဇာတ်ကားက IMDB-7.1/10 နဲ့ RT-93% ရရှိထားတဲ့ ဖြစ်ရပ်မှန်အခြေပြုDrama/Biography ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁၅ ရက်Boston မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှုမှာခြေထောက် ၂ ဖက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ ဂျက်ဖ်ဘိုးမန်း(Jeff Bauman)ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးပြထားတာပါ *************“ဂျိမ်း”ခနဲ ဗုံးပေါက်ပြီးတဲ့နောက် သူပြန်သတိရလာတဲ့အချိန်မှာသူ့ခြေထောက်နှစ်ဖက်စလုံး ပြတ်ထွက်သွားခဲ့ပြီ။ ဒါပေမယ့် သူ့ကို သွေးတိတ်အောင် လာလုပ်ပေးတဲ့သူကို သူပြောလိုက်တဲ့စကားက”တစ်ခြားလူကို ကူညီပေးလိုက်ပါ, ကျွန်တော်အဆင်ပြေပါတယ်”တဲ့(Help somebody else, I am good)။အဲဒီနောက်သူဟာ Boston Strong (ဘော်စတွန်သူရဲကောင်း) ဘာကြောင့်ဖြစ်လာခဲ့တယ်၊ခြေထောက်နှစ်ဖက်ဆုံးရှုံးလိုက်ရပြီးတော့သူ့ဘဝရဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းတယ်၊ ဘဝနဲ့ချီပြီး ဆုံးရှုံးသွားတဲ့သူဟာ တစ်ဖန်ပြန်လည်ရှင်သန်ဖို့အတွက် ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာတွေကို ခံစားမှုတွေအပြည့်နဲ့ ကြည့်ရှုကြရမယ့်”Inspiring Real L

The Hunt For Red October (1990) [ Sean Connery + Alec Baldwin + Scott Glenn ] USA

Image
IMDB: 7.6/10 153,857 votes Won 1 Oscar. Another 2 wins & 7 nominations. ရုပ်​ရှင်​အညွှန်း ========== IMDb…7.6,,,,,,Rotten….86ပုံမှန်ထက်မီတာ၂၀ပိုရှည်ပြီးကြီးမားတဲ့ ရေငုတ်သင်္ဘောကိုရုရှားတို့တည်ဆောက်ပြီးစီးသွားခြင်းအားဗြိတိသျှတို့ထောက်လှမ်းမိသွားတယ်…..အဖျက်စွမ်းအားကြီးမားတဲ့ နျူးကလိယားဗုံးတွေသယ်ဆောင်နိုင်သလို ခြေရာခံဖို့ခက်ခဲလှတဲ့အဲ့ဒီရေငုတ်သင်္ဘောဟာ အမေရိကန်ရေငုတ်သင်္ဘောတွေလှည့်လည်နေတဲ့နေရာမှာ သွားလာနေတယ်….ဒီရေငုတ်သင်္ဘောဟာ ဘာကြောင့်ဒီပတ်ဝန်းကျင်ကိုရောက်လာတာလဲ ဘာလက်နက်တွေပါလဲ သို့လော သို့လော မေးခွန်းတွေဟာ အမေရိကန်တို့အဖို့ အတော်ခေါင်းစားနေပါတယ် CIA ကကျွမ်းကျင်ပညာရှင်ကလည်း အဆိုပါ သင်္ဘောကိုဦးစီးတဲ့ Captain ဟာ ထူးချွန်တဲ့ခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်နေကြောင်းကိုအတည်ပြုပါတယ်…….စစ်ကားနဲ့နိုင်ငံရေးဘက်ကိုအနည်းငယ်စိတ်ဝင်စားရုံနဲ့မီလီစက္ကန့်လေးတောင်ကျော်မကြည့်ချင်လောက်အောင်ကာင်းတဲ့ ဇာတ်ကားကြီးပါ..ဒီလိုမျိုးတွေစိတ်မ၀င်စားဘူးဆိုရင်တော့ဒေါင်းရကျိုးနပ်မှာမဟုတ်ပါဘူး…..နာမည်ကြီးမင်းသားကြီး တွေဖြစ်တဲ့ Sean Connery ,Alec Baldwin,Scott Glenn ပါဝင်သရုပ်ဆောင်ထားပါတယ်…… File Size…(900MB) and (3

The 33 (2015) { Biography , Drama , History } Chile , USA

Image
IMDB: 6.9/10 28,603 votes 7 wins & 5 nominations. ရုပ်​ရှင်​အညွှန်း ========== CM ပရိတ်သတ် ကြီးအတွက် 2015 ခုနှစ်ထွက် The 33 ဆိုတဲ့ ဖြစ်ရပ်မှန်  ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်လမ်း လေးဟာ  ၂၀၁၀ ခုနှစ်က ကျော်ကြားခဲ့တဲ့ Copiapó မိုင်းတွင်း မတော်တဆ မှု့အကြောင်းကို  ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ချီလီ ကြေးနီ မိုင်းတွင်းလုပ်သား ၃၃ ယောက်ဟာ  မြေအောက် ၇၀၀ မီတာ အနက် (ပေ ၂၃၀၀)မှာ ၆၉ ရက်ကြာ ပိတ် မိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်ဖို့ အမေရိကန်က NASA အပါအ၀င် ကမ္ဘာ တစ်လွှားက အဖွဲ့ အစည်းပေါင်း မြောက်မြားစွာက ပါဝင်ကူညီခဲ့ကြပါတယ်။ဒီလိုနဲ့ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ်မှာမှ  အထူးတည်ဆောက်ထားတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သူတို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ ၃၃ ယောက်ကို ကယ်တင်ဖို့ အတွက် စုစုပေါင်း ဒေါ်လာ သန်းနှစ်ဆယ်ခန့် ကုန်ကျခဲ့ပြီး  ကုမ္ပဏီပေါင်းများစွာက ပညာရှင် ရာနဲ့ချီပြီး ကယ်ဆယ်ရေး အစီအစဉ်တွေဒီဇိုင်းဆွဲခဲ့ရတာပါ သူတို့ကို ကယ်ဆယ် နေတဲ့ ဖြစ်စဉ် ကို ကမ္ဘာ တစ်ဝှမ်းက လူ တစ်ဘီလီယံ ကျော်က စောင့် ကြည့်ခဲ့ကြပါတယ်။သူတို့ရဲ့ ဖြစ်ရပ်ကို ဒီရုပ်ရှင် ပြ

Eternal Wave (2017) [ Zanilia Zhao Li Ying + Zhu Yi Long + Aaron Kwok + Hans Zhang + Simon Yam + Zhang Lanxin ] { Action , Drama } China

Image
IMDB: 6.4/10 17 votes N/A ရုပ်​ရှင်​အညွှန်း ========== Eternal wave ဇာတ်ကားလေးကတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာထွက်ရှိထားတာဖြစ်ပြီး rating 15+ ရရှိထားတဲ့တော်လှန်ရေးကားလေးပါ၁၉၃၀ ခုနှစ်မှာဖက်ဆစ်ဂျပန်တွေရဲ့လက်အောက်ကိုကျရောက်ခဲ့တဲ့ ရှန်ဟိုင်းမြို့ရဲ့တော်လှန်တိုက်ခိုက်မှုတွေကိုပုံဖော်ထားတာပါမင်းသား Aaron Kwok , Zhang Han, မင်းသမီး Zhao Li Ying တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်လင်ရှန်းဟာ ဂျပန်လက်အောက်ရောက်သွားတဲ့ ရှန်ဟိုင်းမြို့ကိုသူလျိုတစ်ယောက်အနေနဲ့ဝင်ရောက်ခဲ့ပြီးသတင်းတွေကိုရှန်ဟိုင်းကနေထုတ်လွှင့်ပေးပါတယ်ဂျပန်တွေသတိမထားမိအောင် လန်ဖန်းဆိုတဲ့ကောင်မလေးနဲ့ လင်မယားအယောင်ဆောင်ကာ အထက်ကိုသတင်းများတောက်လျှောက်ပေးပို့နေပါတယ် သို့သော်လဲတစ်နေ့မှာတော့ ဂျပန်တွေသံသယဝင်တာခံရပြီးအဖမ်းခံခဲ့ရပါတယ်ဂျပန်တွေရဲ့နှိပ်စက်ပုံ၊ကိုယ့်အမျိုးကိုယ်တောင်ရက်စက်ကြမ်းကြုတ်သောသူတို့ရဲ့ဒဏ်ကိုခံရပုံတွေဒီကားထဲမှာအများကြီးတွေ့ရပါတယ်ဂျပန်လက်ထဲရောက်နေတဲ့လင်ရှန်းကို သူ့အယောင်ဆောင်ဇနီးဖြစ်သူက ဘယ်လိုကယ်ထုတ်တယ်နောက် ဂျပန်တွေလက်ထဲကနေအားလုံးအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား၊အမျိုးကိုသစ္စာဖောက်သူတွေရဲ့ဇာတ်သိမ်းကရောလှပါ့မလားဆို

The Change-Up (2011) [ Olivia Wilde + Ryan Reynolds + Jason Bateman + Leslie Mann ] { Comedy , Fantasy } USA

Image
IMDB: 6.3/10 145,195 votes 1 nomination. ရုပ်​ရှင်​အညွှန်း =========== Jason Bateman နဲ့ Deadpool မင်းသား Ryan Renold ရဲ့ အခွက်ပြောင်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ပရိတ်သတ်တွေကို တသောသောညံစေမယ့် ဇာတ်ကားတကားပါ။ဟုတ်ပါတယ် ဇာတ်ကားနာမည်အတိုင်း အပြောင်းအလဲလေးတွေအကြောင်း ရိုက်ထားတာပါ။မိသားစု၊ အလုပ်အကိုင်၊ မိတ်ဆွေ..အဲ့လိုအရာအားလုံးနဲ့ ပြည့်စုံနေတဲ့ ဒေ့ဗ်လော့ခ်ဝုဒ်…..အဖေနဲ့ အစေးမကပ်၊ ဖြစ်သလိုနေ ဖြစ်သလိုစား၊ ကြုံရာလုပ်ဖြစ်နေတဲ့ မစ်ခ်ျပလန်ကို…..သူတို့နှစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်းတွေ၊ တောင့်တမှုတွေ၊ ဖြစ်ချင်..လုပ်ချင်ပေမယ့် အခါမသင့်လို့ မလုပ်နိုင်ရတာတွေ… အဲ့လို လူ့လောကသဘာဝတွေကို”တစ်ချိန်က အခက်အခဲတွေဆိုတာ နောင်တစ်ခါကျ ဟာသတွေ ဖြစ်သွားတာပဲ…” ဆိုသလိုမျိုး ဟာသလေးတွေ အနည်းငယ်နှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။မိသားစု ကိစ္စတွေ၊ အလုပ်ကိစ္စတွေနဲ့ ငြီးငွေ့နေပြီး အားလုံးလိုလိုကို မေ့တတ်နေပြီဖြစ်တဲ့ ဒေ့ဗ်တစ်ယောက် အချစ်ဆုံးသူငယ်ချင်း မစ်ခ်ျနဲ့ တစ်ညတာ လျှောက်လည်၊ စားသောက်၊ ကိုယ့်ကိစ္စ သူ့ကိစ္စတွေကို ရင်တွေဖွင့်အပြီးမှာတော့…..ကပေါက်ကပေါက်ချာ စောင်တလွဲဖြစ်ကုန်တာတွေကိုတော့ ကိုယ့်လူ

Chasing The Dragon (2017) [ Donnie Yen + Andy Lau ] { Action , Biography , Crime } Hong Kong , China

Image
IMDB: 7.3/10 730 votes N/A ရုပ်​ရှင်​အညွှန်း =========== အားလပ်ရက်လေးမှာဇာတ်ကားသစ်အလန်းစားလေးကြည့်ရအောင် အမြန်ဆုံးဘာသာပြန်တင်ဆက်ပေးထားတဲ့ နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Donnie Yen နဲ့ Andy Lau တို့ရဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ပေးလိုက် ပါတယ်။ ဒီဇာတ်ကားဟာ ဟောင်ကောင်-တရုတ် Action/Crime/Drama ကားလေးတစ်ကားဖြစ်ပြီး တကယ့်အပြင်က ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ Ng-Sekho ဆိုတဲ့သူရဲ့ဇာတ်ရုပ်ကို Donnie Yen ကပါဝင်သရုပ်ဆောင်ပေးထားတာဖြစ်ပြီး Andy Lua ကတော့ Lee Rock ဆိုတဲ့ဇာတ်ကားလေးထဲကဇာတ်ရုပ်အတိုင်း အကျင့်ပျက်ရဲလောကကသူတစ်ယောက်ဖြစ် သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၆၃ခုနှစ်တွင် ၀ူရှစ်ဟောင်ဆိုတဲ့လူတစ်ယောက်ဟာ တရုတ်ပြည်မကြီးကနေ ဗြိတိသျှကိုလိုနီတစ်ခုဖြစ်တဲ့ ဟောင်ကောင်ကိုတရားမ၀င်ခိုးဝင်လာရကစပြီး မူးယစ်ပွဲစားတွေ အကျင့်ပျက်ရဲဝန်ထမ်းတွေ နဲ့ပြည့်နှက်နေတဲ့ မြေအောက်ကမ္ဘာက မူးယစ်ရာဇာကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီခေတ်ကာလအတွင်းက မူးယစ်ဆေးပြဿနာတွေ ပြည့်တန်ဆာမှုတွေ ဂိုဏ်းစတားတွေရဲ့အကွဲအပြဲဇာတ်လမ်းတွေကို အဓိကထားပြီးဇာတ်လမ်းကြောရိုးယူထားပါတယ်။ အဲဒီခေတ်ကာကတွင်းက ရဲတွေနဲ့ဂိုဏ်းတွေကြားကရင်းနှီးတဲ့ ဆ

31st October (2016) [ Soha Ali Khan + Vir Das + Vineet Sharma + Deepraj Rana + Nagesh Bhonsle + Pritam Kagne ] { Action / Drama / History } India

Image
IMDB: /10 votes ရုပ်​ရှင်​အညွှန်း ÷==========  31’st October film ( သို့မဟုတ် ) မရရှိသေးသော အမှန်တရား °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° ” လမ်းချိုး တစ်ခုတိုင်း မှာ သွေရဲရဲ နီဆွေးခဲ့တဲ့ လူမျိုးနွယ် တစ်စု ” ဒါမှမဟုတ် “ပြာငွေ့တွေကြား အရှင် လတ်လတ် အော်ဟစ်ပျောက်ဆုံး သွားကြတဲ့ အဖေ ။ အမေ ။ လူမမည် ကလေးငယ်တွေ။ ဘာအတွက်ကြောင့်များ ကောင်းကင်ဘုံ တံခါး ကြိုပွင့်ခဲ့သလဲ ဆိုတာနံနက်ခင်း သတင်းမှာတော့ ကြိုတင် မကြေငြာခဲ့ပါ။ ဒါပေမယ့် အလုပ်ဝင် အလုပ်သွားနေကြ ရုန်းကန်နေကြတဲ့ဆစ်ခ် လူမျိုး တွေ ကြား နေမင်းကြီးမြင့်လာချိန် နှင့် တစ်ပြိုင်နက်ပြဿနာ တစ်ခု က ဆီးကြို ခဲ့ပါပြီ။ ထိုအချိန်တွင် ရေဒီယို သတင်း ဌာနတွေဆီမှလည်း အစီအရီကြေငြာလို့နေခဲ့ပါသည်။ဒီအရေးကြီးသတင်းကတော့” Indira Gandhi ( အိန္ဒိယနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ) အားအနီးကပ်နေသက်တော်စောင့် ဆခ်လူမျိုးများက လုပ်ကြံခဲ့ “တဲ့ သတင်း ပဲဖြစ်ပါတယ်။ဒီသတင်းဟာ မွန်းတည့် ချိန် နေပြင်းသကဲ့သို့ အိန္ဒိယ လူမျိုးအများစုရင်ထဲ သွေးဆူ လာခဲ့ကြပါတယ်။” ဆခ် ဟူသမျှ သတ်ကြ ” ဆိုသလို နိုင်ငံရေး လှုံ့ ဆော်သူတွေကြောင့်လည်းပဋိပက္ခ အသွင် ဖြစ်လာခဲ့ကြပ

Sholay (1975) [ Amitabh Bachchan + Dharmendra + Hema Malini + Amjad Khan + Sanjeev Kumar + Jaya Bachchan ] { Action , Adventure , Comedy , Drama } India

Image
IMDB: 8.2/10 42,178 votesvotes 2 wins. ရုပ်​ရှင်​အညွှန်း =========== All time Best Bollywood Movies မှာ Sholay ဟာ နံပါတ် ၃ နေရာမှာရှိနေပါတယ်။1975 က ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုပေမယ့် ဇာတ်လမ်း၊ဇာတ်ကွက်တွေနောက်ခံသီချင်းတွေ အဲ့ဒီခေတ် အနေအထားနဲ့ ဒီလို အက်ရှင်ခန်းတွေ၊ ကျေးလက်ဒေသ မြင်ကွင်းတွေ၊ အထူးပြောချင်တာကတော့ ဒရာမာအခန်းတွေပါပဲ့ တကယ့်ကို ပြီးပြည့်စုံလွန်းတယ်လို့ပဲပြောရမလားဘယ်အချိန်ပြန်ကြည့်ကြည့် မချီမကဲဖြစ်သွားစေတဲ့ ဒရာမာအခန်းလေးတွေ၊တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေပေမယ့် စကားလုံးတွေမပါပဲ နောက်ခံတေးသံသာသာလေးဟာ အခုခ်ျိန်ထိ နားထဲမှာ ကြားရောင်နေဆဲပါပဲ။သရုပ်ဆောင်တွေကလည်း ကဏ္ဌအသီးသီးမဇာ တာဝန်ကျေကြသလို၊ အကောင်းမွန်ဆုံးတွေဆိုတော့ သဘာဝကျမှုကို အပြည့်အဝရရှိစေပါတယ်။ တစ်ခါမှ မကြည့်ဖူးသေးဘူးဆိုရင်တော့ တစ်ခါလောက်တော့ မဖြစ်မနေကြည့်ကြည့်လိုက်ပါ့ကြည့်ပြီးသားလူတွေအတွက်လည်း ဘယ်အချိန်မှ မရိုးနိုင်တဲ့ ဇာတ်ကားကောင်း တစ်ခု ဖြစ်ပါတယ်။ =======================================================ဇာတ်လမ်းနည်းနည်းလောက် ညွှန်းရမယ်ဆိုရင်တော့ရမ်ဂဗ်ရွာရဲ့ အငြိမ်းစားရဲတစ်ယောက်ဖြစ်သူ ထာကူရ်ဗ

Arthur Christmas (2011) { Animation , Comedy , Adventure } UK , USA

Image
IMDB: 7.1/10 39,651 votes Nominated for 1 Golden Globe. Another 3 wins & 22 nominations. ရုပ်​ရှင်​အညွှန်း ========== Merry Christmas ပါ CM ပရိတ်သတ် ကြီးရေ။ ခရစ္စမတ် ပိတ်ရက်မှာ  အေးဆေးကြည့်ရအောင် ခရစ္စမတ်နဲ့ ဆိုင်တဲ့ ကာတွန်းကားလေး  တစ်ကားတင်ဆက်ပေးလိုက်ရပာတယ်ခင်ဗျား။ မိသားစု သားသမီးတွေနဲ့  ပေါ့ပေါ့ ပါးပါး ရယ်ရယ်မောမော ကြည့်လို့အဆင်ပြေတာပေါ့ဗျာ။ ဒီကား လေးကတော့ IMDB 7.1 အထိရထားတယ်ဆိုတော့ သိပ်တော့ ပြောစရာ  လိုမယ် မထင်ပါဘူး။ ခရစ္စမတ် ညမှာ ခလေးတိုင်း ရဲ့ အိမ်ကို ဆန်တာက  လက်ဆောင်လေးတွေ လိုက်ပို့ တက်တယ် လို့ အယုံအကြည်ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဒီလောက်များတဲ့ကလေးတွေကို ဆန်တာ တစ်ယောက်  ဘယ်လိုများ ပို့လဲ ပေါ့။ ဒီကားထဲမှာ အဲ့ အကြောင်းပြောပြထားပါတယ်။ တကယ်တော့ မြောက်ဝင်ရိုးစွန်းရဲ့ အောက်မှာ ဆန်တာ တို့က ခေတ်မှီ  မြန်နှုန်းမြင့် စွပ်ဖားတွေ သုံးတာပေါ့။ ဒီနှစ်မှာလည်း လက်ဆောင် စုစုပေါင်း  ၂ ဘီလီယံကို သယ်ပို့ပေးရမှာဆိုပါတော့။ ဒီလိုနဲ့ သယ်ပို့ ရေးလုပ်နေစဉ်မှာ  မမျှော်လင့်တဲ့ အကြောင်းတစ်ခုကြောင့် လက်ဆောင်လေးတစ်ခုက ကျန်ခဲ့ပါတယ်  အဲ့လက်ဆောင်လေးကို နတ်သူငယ်လေး

Jibeuro (AKA) The Way Home (2002) [ Kim Eul-boon + Yoo Seung-ho ] { Drama } South Korea

Image
IMDB: 7.9/10 4,199 votes 11 wins & 3 nominations. ရုပ်​ရှင်​အညွှန်း ===========  ” ပျင်းတိပျင်းခြောက်နဲ့ စိတ်ဝင်စာစရာကောင်းတယ့် အနုပညာဖန်တီးမှု ”ချစ်စရာ ၊နားရင်းအုပ်ချင် စရိုက်နှစ်ခုကို သရုပ်ဆောင်ထားတယ့် ကလေးနဲ့ ပျင်းခြောက် ခြောက်ဇာတ်လမ်းကို တန်ဖိုးတစ်ခုရှိ အောင်ဖန်တီးခဲ့တယ့် ဒါရိုက်တာတို့ရိုက်ထားတယ့်ကားပါ။တစ်ဇာတ်ကားက ဟိုအရင်ကထွက်ထားတယ့်ကားလေးကို ကြည့်စေချင်လို့ေ ရွှးချယ်ထားပါတယ်။ ၂၀၀၂ ကထွက်ရှိထားခဲ့တယ့် ကိုရီယား ဒရာမာ အမျိုးအစားကားလေးဖြစ်ပါတယ်။IMDb Rating 7.9 နဲ့ Rotten Tomatoes 75% ရှရှိထားပါတယ်။Philadelphia Inquirer က Steavem Rea ကလဲ ၄ မှာ ၃.၅ပေးထားပါတယ်။Rating ပိုင်းမှာတော်တော်မြင့်မြင့်တွေ ရရှိထားပါတယ်။ တစ်ကားလုံး ၈၇ မိနစ် ကြာပြီးတော့ ကိုရီယားနိုင်ငံရဲ့  အကောင်းဆုံးဇာတ်ကားတွေ ကိုထုတ်လုပ်ပေးတက်တယ့် သမိုင်းရှိတဲ့ CJ Entertainment ကထုတ်လုပ်ထားပါတယ်။ Box Office မှာ ကန်ဒေါ်လာ ၂၄၀ ကျော်ရရှိထားခဲ့ပါတယ်။ဒါရိုက်တာ Lee Jeong-hyang ရိုက်ကူးထားပြီး Kim Eul-boon နဲ့ Yoo Seung-ho တို့သရုပ်ဆောင်ထားပါတယ်။ဒီကလေးသရုပ်ဆောင်က အခု နာမည်ကြီးကိုရီးယားမင်း