Tucker And Dale Vs Evil (2010) [ Eli Craig + Tyler Labine + Alan Tudyk + Katrina Bowden ] { Comedy , Horror } Canada , USA , India , UK



IMDB: 7.6/10 142,392 votes

10 wins & 14 nominations.

ရုပ်​ရှင်​အညွှန်း
==========

သရဲကားတွေ နဲ့ ဟာသကားတွေဟာ လူတွေကြားမှာ ရေပန်းစားပြီး လူတွေ 
ပိုကြိုက်တက်ကြပါတယ်။အဲ့လို ကြိုက်တက် ကြတဲ့ အတွက် လည်း အချင်းချင်း 
စနောက် ပြီး ချောက်တက်လှန့်တက် ကြပါတယ်။ အဲ့လို ချောက်လှန့် ရာကနေ မတော်တဆ 
ဖြစ်ရပ်တွေ ဖြစ်ဖူးတာတွေ ရှိသလို ရယ်စရာ အဖြစ်အပျက်တွေလည်း ကြုံရတာတွေ ရှိပါတယ်။
အခုကားလေးထဲမှာတော့ ကောလိပ်ကျောင်းသားလေးတစ်သိုက် အားလပ်ရပ် အပန်းဖြေ ခရီး
ထွက်ရာမှာ မတော်တဆမှု့တွေနဲ့ ကြုံရတာကို ဟာသဆန်ဆန် နဲ့ရိုက်ကူးပြထားပါတယ်။
IMDB Rating 7.6 နဲ့ Rotten Tomato 86% အထိရရှိထားတဲ့ Horror Comedy ကားလေးပါ။
အနည်းငယ် မိတ်ဆက်ပေးရရင်တော့ အယ်လီဆန် တို့ ကျောင်းသားတစ်သိုက်က တောအုပ် ထဲမှာ 
အပန်းဖြေဖို့ ခရီးထွက်လာကျပါတယ်။အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ တက်ကာ နဲ့ 
ဒေးလ် တို့ကလည်း ငါးမြှားရင်း အနားယူဖို့ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းသားတွေနားက 
အိမ်ကိုပဲ ခရီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့ လက်လုပ်လက်စား တက်ကာ နဲ့ ဒေးလ် တို့ရဲ့ 
မတောက်ပြောင်တဲ့ဖိုသီဖပ်သီ အ၀တ်အစား နဲ့ အတီးအတ အမူအယာတွေကြောင့် ကျောင်းသား
တစ်သိုက်က သူတို့က လူဆိုးတွေလို့ ထင်နေကြပါတယ်။ ဒီလို နဲ့ ကျောင်းသားလေးတွေ စခန်းချမဲ့နေရာ 
ကို အရောက်မှာ ကျောင်းသားတစ်ယောက်က သူတို့ စခန်းချတဲ့ နေရာမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က 
ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှု့တွေ အကြောင်းကို ပြောပြတာပေါ့။ဒီလိုနဲ့ စနောက်ရင်းနဲ့ ရေကူးကြတဲ့ အချိန်မှာပဲ 
အယ်လီဆန် တစ်ယောက် ကျောက်တုံးပေါ်က ချော်ကျပြီး ဒဏ်ရာ ရ သွားပါတော့တယ်။ဒါကို မြင်တဲ့ 
တက်ကာ နဲ့ ဒေးလ်က သဘောရိုးနဲ့ ကူညီဖို့ လှေပေါ်ခေါ်တင်သွားတာကို ကျောင်းသားတစ်သိုက်က 
ဖမ်းခေါ်သွားတယ်လို့မြင်ပြီး အယ်လီဆန်ကို ပြန်ရဖို့ ကြိုးစားပါတယ်။ ဒီလို ကြိုးစားရင်းနဲ့ပဲ ကျောင်းသားတွေက
မတော်တဆ ဖြစ်ပြီး တစ်ယောက်ပြီး တစ်ယောက် သေဆုံး ကျပြန်ပါတယ်။ ဒါပေမဲ့ အဲ့သေဆုံးမှု့တွေကလည်း 
တက်ကာ၊ ဒေးလ် တို့ နဲ့ သွားသွား ဆက်စပ် နေတဲ့အခါမှာတော့ …… 
ဒီလို အရှုပ်ထုပ် ဇာတ်လမ်းတွေကနေ လူရိုး နှစ်ယောက် ဖြစ်တဲ့ တက်ကာ နဲ့ ဒေးလ် တို့ ဘယ်လို 
ရုန်းထွက်ဖြေရှင်း မလဲ ကျောင်းသားတွေကကော တက်ကာ နဲ့ ဒေးလ် တို့ကို အထင်လွဲနေတာ ပျောက်သွားမလား
သဘောရိုးနဲ့ ကူညီပေမယ့် ဘယ်လို တစ်လွဲတွေ ဖြစ်မလဲ 
ဆိုတာတွေကို ဟာသ ဆန်ဆန် ကြောက်စရာ ဇာတ်ကွတ် လေးတွေနဲ့ ကြည့်ရှု့ ရမှာ ဖြစ်ပါတယ်။  

File Size : (800 MB) and (300 MB)
Quality : BluRay 720P
Running Time : 1h 29min 
Format : Mp4
Genre : Comedy, Horror 
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BluRay x264 AAC-ETR
Encoded by Tariq L Walker
Credit : Channel Myanmar

Download Link

Comments

Popular posts from this blog

The Silent War (or) Ting Feng Zhe (2012) [ Tony Chiu-Wai Leung , Xun Zhou , Xuebing Wang , Mavis Fan , Yong Dong , Carrie Ng ] Hong Kong , China

Thank You for Your Service (2017) [ Miles Teller + Haley Bennett ] USA စစ်​ကား

నా పేరు సూర్య నా ఇల్లు ఇండియా (or) Naa Peru Surya, Naa Illu India (or) Surya - The Brave Soldier (2018) [ Allu Arjun + Anu Emmanuel ] { Action } India