Eternal Sunshine Of The Spotless Mind (2004) [ Jim Carrey + Kate Winslet ] { Drama , Romance , Sci-Fi } USA



IMDB: 8.3/10 742,597 votes

Won 1 Oscar. Another 70 wins & 109 nominations.

ရုပ်​ရှင်​အညွှန်း
==========

Eternal Sunshine of The Spotless MindIMDb…8.3,,,,Rotten…93ကျွန်တော်တို့တွေ အရွယ်လေးရ အသိဥာဏ်လေးစဖွံဖြိုးလာတဲ့အချိန်ကစလို့ အနည်းအများ အနာဂတ်အတွက်အစီအစဉ်တွေဆွဲကြတယ်အထူးသဖြင့်စီးပွားရေး အချစ်ရေးတွေပေါ့…တစ်ချို့သောအရာတွေဟာ အစီအစဉ်အတိုင်းဖြစ်ပေမယ့် အချစ်ရေးမှာတော့ တက်တက် စင်အောင်လွဲမှားမှုတွေရှိတတ်တယ် ဘာလို့ဆို နှလုံးသားက ဦးဏှောက်ကိုလွှမ်းမိုးနိုင်စွမ်းရှိလို့ပါပဲ အချစ်စိတ်ကြောင့်မလုပ်နိုင်ဘူးထင်တာတွေလုပ်ရဲလာတယ်
မကြောက်သင့်တာတွေကိုကြောက်တတ်လာတယ်….ချစ်သူ ၂ ဦးအဖို့ မွေးဖွားရာပတ်ဝန်းကျင်မတူ ရပ်တည်ပုံချင်းမတူဆိုတော့
ရေရှည်မှာ အထိုက်အလျှောက် အယူအဆတွေလွဲမှားလာကြတတ်တယ်…..ဒီလိုအချိန်မှာ နားလည်မှုဆိုတဲ့ဝေါဟာရဟာပျောက်ဆုံးနေတတ်တယ်…
သိပ်ချစ်ပေမယ့် လမ်းခွဲလိုက်ရတဲ့အခါမှာ သူနဲ့ပတ်သက်သမျှအတိတ်ကအမှတ်တရတွေအားလုံးကိုမေ့ပစ်ချင်ကြတယ်
ဒီကားထဲက Joel နဲ့ Clementine ဆိုတဲ့ စုံတွဲလေးက ချစ်စအချိန်မှာတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေပေမယ့်
အချိန်ကြာမြင့်လာတာနဲ့အမျှ ပြသနာသေးသေးလေးတွေ အဖုအထစ်လေးတွေ ကြုံလာရပါတော့တယ်။ အဲ့လိုအချိန်မှာ အေးအေးေ ဆးဆေးသမား စကားနည်းတဲ့ Joel နဲ့ စိတ်မြန်လက်မြန် Clementine တို့နှစ်ယောက် ဝေးကွာသွားခဲ့ပြီး ကိုယ့်လက်တွဲဖော်ကို ကိုယ့်မှတ်ဉာဏ်တွေထဲကအပြီးထုတ်ပစ်ဖို့ နှစ်ယောက်စလုံး ကြိုးစားလာပါတော့တယ်..မှတ်ဥာဏ်ဖျက်ပေးတဲ့သိပံပညာရှင်ဆီမှာအကူအညီတောင်းတယ်. မှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့အခါ ဝမ်းနည်းစရာ၊ ပြသနာဖြစ်ခဲ့တဲ့အချိန်ကာလတွေအပြင် ပျော်ရွှင်ရယ်မောခဲ့တဲ့အချိန်တွေကိုပါ ဖျက်ဆီးသွားမှာဖြစ်တဲ့အတွက် Joel တစ်ယောက် မှတ်ဉာဏ်ဖျက်ရင်း နောင်တတွေ ရလာပြီး ဒီ Process ကြီးကို ရပ်တန့်သွားအောင်၊ Clementine နဲ့အဆင်ပြန်ပြေအောင် ကြိုးစားရပုံကို ဒီဇာတ်ကားမှာ ရှုစားရမှာပါ။
Jim Carrey သရုပ်ဆောင်တဲ့ရုပ်ရှင်တိုင်းလိုလိုမှာ Message တစ်ခုအမြဲပါပါတယ်။ ဒီကားမှာတော့ သူ့ရဲ့တခြားရုပ်ရှင်တွေထ
က် ပိုထူးခြားပြီး ပိုလေးနက်တဲ့ Message လေးပါပါတယ်။ ဒီကားမှာ Jim Carrey က သူသရုပ်ဆောင်ဖူးသမျှ တခြားကားတွေနဲ့လုံးဝမတူ
ပဲ အရယ်အမောမရှိ၊ နှုတ်ဆိတ်ပြီး အေးအေးဆေးဆေးနေတဲ့ ယောက်ျားတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ Kate Winsletကလည်း သွက်လက်ချက်ချာတဲ့မိန်းကလေးအဖြစ်သရုပ်ဆောင်ထားပါတယ်….IMDbရောRottenရောအမြင့်ဆုံးအဆင့်မှာရှိနေသလို ဆုပေါင်းများစွာရရှိထားတဲ့ဇာတ်ကားပါ…ခင်ဗျားတို့ဆိုရင်ရော ပျှော်ရွှင်ခဲ့ဖူးတဲ့အတိတ်ကအမှတ်တရတွေ မှတ်ဥာဏ်တွေကိုဖျက်ဆီးပစ်မှာလား…..ဒါမှမဟုတ် ပြန်တွေးမိတိုင်းကြည်နူးမိတဲ့
ခံစားချက်ကိုသိမ်းထားမှာလား….နောက်တစ်ကြိမ်ပြန်ကြိုးစားခွင့်ရှိတယ်ဆိုရင်ရော ကြိုးစားမှာလား….ဇာတ်လမ်းအညွန်းကို Arkar Phyo မှရေးသားပေးပြီးဘာသာပြန်သူကတော့ Inzali Thanhtikeပါ…

File Size…(900MB) and (350MB)
Quality…BluRay 720p
Format…mp4
Duration…01:48:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…..Phyo Pyae
Translated by Inzali Thanhtike

Credit : Channel Myanmar

Download Link
===============

Comments

Popular posts from this blog

Naked Weapon (2002) [ Maggie Q + Almen Wong Pui-Ha + Daniel Wu + Marit Thoresen ] { Action , Crime , Drama , Romance , Thriller } Hong Kong နပမ်းကား

Friends (2002) [ Won Bin + Kyoko Fukada + Han Hye-jin ] { Drama } Korea TV Series

Garam Masala (2005) [ Akshay Kumar , John Abraham , Paresh Rawal , Rimi Sen , Neetu Chandra , Nargis Bagheri , Daisy Bopanna , Neha Dhupia , Daisy Shah ] India