Kung Fu Chefs (2009) မြန်​မာစာတန်းထိုး [ Sammo Kam-Bo Hung + Vanness Wu ] Hong Kong




IMDB: 5.2/10 478 votes

ရုပ်​ရှင်​အညွှန်း
==========

 ” အသီးမှာ သရက် ၊ အသားမှာ ၀က် ၊အရွှက်မှာ
လက်ဖက် ”“အစားအသောက်က လူနဲ့တည့်တယ်”
“ဆီးချိုတက်ကနောက်မှသေမှအခုစား
ရဖို့အဓီက”ယနေ့ခေတ် လူ့အသိုင်းအ၀ိုင်းထဲမှာတွေ့ရတက်
တယ့် စကားအတိုင်း အစားအသောက်က
အကျိုးပြုတာလဲရှိသလို အန္တရယ်လဲပေးတက်ပါ
တယ်။
အဲ့ဒါက အရသာအနုပညာဖန်တီးသူ ၀ါ စားဖိုမှု
တွေရဲ့အခန်းကဏ္ဍက ထင်သလောက်မ
လွယ်ပါဘူး။
အရသာရှိတာစားရဖို့ဆိုတာ ကိုရော့ အင့် ဆိုပြီ လွယ်လွယ်လေးဖြစ်လာတာမဟုတ်မှန်း
ဒီကားကြည့်ပြီး စီဘောပေါက်နိုင်ပါလိမ့်မယ်။ဒီကားက IMDb rating ၅.၂ ၊ Rotten Tomatoes ၃၆ % ၊ Asiawiki ၈၃ % ရရှိထားပါတယ်။ဟောင်ကောင်ကားဖြစ်ပြီး ၂၀၀၉ ခု
နှစ်က ဖြန့် ချီထားခဲ့ပါတယ်။တစ်ကားလုံး ၉၂ မိနစ်ကြာပြီးBox Office မှာ ဟောင်ကောင်
ဒေါ်လာ၁၈မီလီယံရရှိထားခဲ့ပါတယ်။ တရုတ်
စကားပြော တရုတ်ကားဖြစ်ပါတယ်။
ဘောလုံးမင်းသားလားဖက်တီးမင်းသားလားအခု အသက် ၆၅ နှစ်အရွှယ်ရှိနေပြီး ကျွန်တော်
တို့ ငယ်ဘ၀ ကြီးပြင်းလာတဲ့ အရာတွေ ထဲမှာ
သူလဲ တစ်ယောက်အပါအ၀င်ဖြစ်ပါတဲ့
Sammo Hung နဲ့ Vanness Wu သူတို့
အဓီကပါဝင်သရုပ်ဆောင်ထားပါတယ်။
အဲ့ဒီမင်းသားကြီးပါတဲ့ကားဆိုရင်တော့ကြည့်
လို့ တော့အဆင်ပြေတာများပါတယ်။ Ip man
၁ ရော၂ မှာပါ အကောင်းဆုံး သရုပ်ဆောင်ဆု
ရရှိခဲ့တာသိကြမှာပါ။
သူအကြောင်းကတော့ အားလုံးသိပြီးသားမို့ သိပ်
မပြောတော့ပါဘူးဒီကားကဟင်းချက်နည်းစနစ်တွေ အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်နာမည်အတိုင်း ဟင်းချက်တာကိုသူတို့ ရိုးရာကွန်ဖြူးပညာရပ်နဲ့ ပေါင်းစပ်ချက်ပါထားတာ
တော့နည်းနည်းဆန်းနေပါလိမ့်မယ်။ ရိုးရာချက်
ပြုတ်နည်းကိုဘဲ သုံးစွဲရိုက်ပြထားပါတယ်။
ဟင်းချက်တာကလွယ်တဲ့ ကိစ္စမဟုတ်ဘဲ
တကယ့် မှော်ဆန်တဲ့ ပညာရပ်တစ်ခု ဖြစ်ပြီး
ဓားကိုင်တဲ့ လက်အနေအထားကအစ
ချက်ပြုတ်တဲ့ သူ ကိုယ်အနေအထား စိတ်
အနေအထားကိုပါလိုက်ပြီး ကိုယ်ချက်ပြုတ်လိုက်
တဲ့ ပါလိုက်ပြောင်းသွားတဲ့ ဆန်းကြယ်
တဲ့ ပညာရပ်ဆိုတာ လေ့လာမိခဲ့ရပါတယ်။အဲ့
ဒါကြောင့်ထင်ပါတယ် ချက်ပြုတ်နည်းချင်း
အတူတူတောင် စိတ်ပျော်ရွှင်နေတဲ့ သူချက်တာနဲ့ ဒေသထွက်နေတဲ့သူချက်တာအရသာကွာတယ်လို့ သတိထားမိပါတယ်။ဟင်းချက် နည်းတွေကသာမန် ချက်ပြုတ်
တဲ့ပုံစံမျိုးမဟုတ်ဘဲ ဆရာကြီးအဆင့်
ချက်ပြုတ် နည်းတွေအကြောင်းကိုရိုက်ကူးထားပါတယ်။
ဗိုက်ဆာတဲ့ အချိန်တို့  ညဘက်
သန်းခေါင်အချိန်တွေမှာ မကြည့်မိတာကောင်းပါလိမ့်မယ်။ ဗိုက်ဆာလာမှဆိုလို့ ပါ။
တရုတ်ကားဆိုတော့ သိုင်းချတဲ့
အခန်းအနည်းငယ်ပါပါတယ်။ဇာတ်လမ်းပိုင်းကအရမ်းကောင်းတဲ့အထဲမှာမပါပါဘူး။
ကြည့်ပျော်ရုံလောက်ဘဲရှိပါတယ်။ဇာတ်လမ်းတည်ဆောက်ထားပုံက လက်စားချေ
တဲ့ဇာတ်ကွက် ကို ဟင်းချက်နည်းအဆန်းတွေနဲ့ ပေါင်းပြီး ကြည့်ပျော်ရှုပျော်ရှိအောင်
ရိုက်ထားပါတယ်။ နောက်တစ်ခု ကျွန်တော်အမြဲ
တမ်းဝေခွဲမရတာ က တရုတ်သိုင်းကားတွေမှာပါ
ရင် နဂါးနိုင်ဓားတို့ ဘာဓားတို့မှာ အဲ့ဒီလက်နက်
တွေက စွမ်းလို့ လူကစွမ်းသွားတာလား လူကအစွမ်းရှိလို့အဲ့ဒီလက်နက်တွေက စွမ်းတာလာ
မသိပါဘူး။ဒီကားထဲမှာလဲ ဂန္တ၀င်ဓားတစ်လက်
ရဲ့အစွမ်းကို အခရာ ထားပြီး တင်ပြထားပါတယ်။
တွေးကြည့်ရင် လူမလုပ်ရင် အဲ့ဒီလက်နက်တွေကဘာမှအသုံးမကျနိုင်ပါဘူး။ဒီဇာတ်လမ်းထဲမှာ ဟင်းချက်နည်းတွေအပြင်
တရုတ်တွေရဲ့ နေထိုင်မှုနေစဉ်ဘ၀ တွေ သူတို့
ရိုးရာတွေ ၊ ကြိုက်နှစ်သက်တဲ့
အစားအသောက်တွေ ၊ လူတွေ ဘာကြိုက်က
ဘာစိတ်ဝင်စားကြလဲဆိုတာ တစ်စိတ်တစ်ဒေသ
အကြမ်းဖျင်းတော့လေ့လာမိပါတယ်။ နိုင်ငံတစ်
နိုင်ငံရဲ့အကြောင်းကိုသိချင်ရင် သူုတို့ ရုပ်ရှင်
ကားတွေ ကိုကြည့်လိုက်ပါ အားလုံးကိုအကြမ်း
ဖျင်းသိနိုင်ပါလိမ့်မယ်။
ဒီဇာတ်လမ်းထဲမှာ ပါတဲ့ ထူးကဲစွာအနံ့ခံ
နိုင်စွမ်းဆိုတာက မဖြစ်နိုင်ဘူးလို့ထင်စရာရှိပါတယ်ဒါပေမယ့် ဒီဟင်းတွေ နဲ့ အမြဲတမ်းလက်
ပွန်းတစ်တီးနေကြတဲ့ စာဖိုးမှုးလိုလူတွေ တစ်
ချို့ဆို ဘာထည့်ချက်ထားမှန်းခန့်မှန်းနိုင်ကြပါတယ်။
နောက်ပြီးစားဖိုမှုဆိုတာ လူတိုင်းဖြစ်နိုင်တာမဟုတ်ပါဘူးတစ်ကယ်စိတ်ဝင်းစားမှုရှိပြီး ပါရမီ
လဲပါမှာ ဖြစ်ထွန်းတာမျိုးပါ။ အဲလိုစားဖိုမှုဖြစ်ပြီး
ဟေ့ဆိုရင် လဲ အရသာရှိရင် ဟင်းဖြစ်ပြီးလို့ ထင်စရာရှိနိုင်ပါတယ်။တစ်ကယ့်ဟင်းကောင်း
တစ်ခွက် ဖြစ်ဖို့ကအဲ့လောက်မလွယ်ပါဘူး။
အရသာကပါးစပ်အာရုံကိုဆွဲဆောင်နိုင်ဖို့ပါ အဓီ
အရင် မျက်လုံးနဲ့မြင်ရလို့ မျက်စီ ပဒသဖြစ်
အောင်ဆွဲဆောင်ထားနိုင်ဖို့လိုပါသေးတယ်။
အဲ့ဒီနောက်မှာကပ်ပါလာတာတွေ က ပါဝင်
ပစ္စည်းပမယ်တွေ နဲ့ ချက်ပြုတ်နည်း အဆင့်ဆင့်
ပါဘဲ ဒီလိုတွေ အားလုံးပြည့်စုံမှတစ်ကယ့်
စားဖိုမှုးဆိုတာဖြစ်လာတာ ဖြစ်တဲ့ အကြောင်း
ဒီကားကြည့်ရင်းအတွေးပေါက်သွားစေပါတယ်။
တစ်ချို့ကိုရီးယားကားတွေမှာပါတဲ့ ရေ
အမျိုးအစားပေါင်း ၃၀ ကျော် ၄၀ ကျော်ရှိပြီးသူ့
နေရာနဲ့သူချက်ပြုတ်ရာမှာသုံးရတဲ့ ဆိုတာအပိုလို့ထင်ခဲ့မိပါတယ်။
တကယ့်တော့ ချက်ပြုတ်ချင်းဆိုတာတဲ့
အတက်ပညာကနှုညံ့သိမ်မွေ့ပြီး လက်အရမ်းဝင်တဲ့ အနုပညာဖန်တီးမှုလို့တောင်
ပြောချင်ပါတယ်။
နောက်တစ်ချက်ဒီကားမှာတွေ့ပြီးအတွေးဆန့်လိုက်မိတာက စားတဲ့သူမှာလဲ အမျိုးအစားတွေရှိတယ်ဆိုတာတွေ့လိုက်ရပါတယ်
အကြမ်းအားဖြင့် ဗိုက်ဆာလို့ မဖြစ်မနေစားတဲ့ သူနဲ့ ချက်ပြုတ်ခြင်းအနုပညာလို့ခေါ်တဲ့
အရသာကိုစားသုံးတယ့် သူရယ်လို့ ခွဲထွက်လာကြောင်းဒီကားထဲမှာတွေ့ရပါတယ်။အထူးသဖြင့်ဥရောပအစားအစာအချို့က မှာ အတုံးလေးသေးသေးလေးတွေ အရည်လေးတစ်စက်
နှစ်စက်ကို ဘာလို့ ဒီလောက်ဈေးကြီးပြီး
ရောင်းနေကြ ၊ စားနေကြတာလဲဆိုတာ သူတို့ ရောင်းတာ ဟင်းရောင်းတာမဟုတ်ဘူး
အနုပညာကိုရောင်းတာဆိုတာ
ဒီကားကြည့်ပြီးတော့ နားလည်လိုက်မိပါတယ်။နောက်တစ်ချက်ဒီကားကြည့်နေရင်းတွေးလိုက်
မိတာ အချက်အပြုတ်ဆိုတာ မိန်းမတွေအလုပ်
လို့ လူ့အသိုင်းအ၀ိုင်းမှာ ယောကျာ်းရောမိန်းမ
တွေကပါ ယေဘုယျအားဖြင့်မှတ်ယူထားကြပါတယ် ၊ ဒါပေမယ့် ဒီဇာတ်လမ်းထဲမှာပါတဲ့
စားဖိုးမှုးတွေရာ တစ်ခြားကြည့်မိသလောက်
ဇာတ်ကားအများစုမှာရော တကယ့်အပြင်မှာပါ
စာဖိုးမှုအဖြစ်လုပ်ကိုင် နာမည်ကြီးနေကြတာက
အမျိုးသားအများစုဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက် ထွေထွေထူးထူးသိပ်မရှိ
မထွင်ထားဘဲ သာမာန်ရုပ်ရှင်တစ်ခုလောက်ပဲ
ရှိပါတယ်။ဒီကားမှာ ဟင်းချက်တာတို့ ထူးဆန်း
တာလေးတွေကြိုက်တဲ့ သူတွေအတွက်
သင့်လျော်ပါတယ်။P.S ဒီကားက ဟင်းချက်တဲ့ ဇာတ်ကွက်တွေ
ကလွဲပြီး ကျန်တာ သိပ်မကြိုက်ပါဘူး။ ဟင်းချက်
တာတွေ က တော့ တစ်ခါမှကြားဖူးတဲ့
နာမည်တွေ နည်းစနစ်တွေ တော့တွေ့ ရပါ
တယ်။ အချိန်ပိုရှိမှဒီလိုကားမျိုးကိုကြည့်စေချင်
ပါတယ်။ ဟင်းချက်တဲ့ ကားဆိုတော့
ဟင်းချက်တာပဲတွေ့ ရမှာပါ။
ကျွန်တော် HLK ပါ။ 

Qty – 720P Bluray
Duration – 2hr 10min
Gern – Action/ Drama
Translator – Htet Lin Kyaw
Encoder – Kyaw Ye Aung

Credit : Channel Myanmar

Download Link
===============

Comments

Popular posts from this blog

Naked Weapon (2002) [ Maggie Q + Almen Wong Pui-Ha + Daniel Wu + Marit Thoresen ] { Action , Crime , Drama , Romance , Thriller } Hong Kong နပမ်းကား

Friends (2002) [ Won Bin + Kyoko Fukada + Han Hye-jin ] { Drama } Korea TV Series

Garam Masala (2005) [ Akshay Kumar , John Abraham , Paresh Rawal , Rimi Sen , Neetu Chandra , Nargis Bagheri , Daisy Bopanna , Neha Dhupia , Daisy Shah ] India