Bird Box (2018) [ Sandra Bullock ] { Drama , Horror , Sci-Fi , Thriller } USA



IMDB: 6.4/10 773 votes

2 wins & 1 nomination.

ရုပ်​ရှင်​အညွှန်း
===========

ကမ္ဘာကြီးမှာ ဒုက္ခတွေ အလိုရမက်လောဘ
သားတွေ ထူပြောလာတာနဲ့အမျှဆေးကြောသုတ်သင်မယ့်သူတွေပေါ်
လာစမြဲပါပဲ Kingmans:The Secret Serviceထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ်
Avengers:Age of Ultron ထဲက Ultronကြီးလိုမျိုးပေါ့ ဒါပေမယ့်အခုဇာတ်ကားမှာ
တော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည်မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါ
သူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူက
အသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်
သေမိတော့တာပဲ ဇာတ်လမ်းအကျဉ်းကတော့ အဲ့သဘာဝလွန်ကောင်ကြီးထွက်လာ
တယ်ပေါ့ လူတွေလဲ အစကမသိတော့ကြည့်မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေ
တယ် စိတ်တွေ လွတ်ထွက်ကုန်တယ်တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့
မင်းသမီးချောကြီး Sandra Bullock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြ
တာပေါ့ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ်အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်
တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲရောက်ခဲ့တယ် အဲ့အိမ်မှာလဲအခြားသူ
တွေရှိတာပေါ့ ဒီတော့ဇာတ်လမ်းက survivalဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့
Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်
နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲ
ကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါဆိုတော့တာ ဒီကားလေးက rating သိပ်
မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့ကားလို့မြင်မိပါတယ် နာမည်လေးကလဲ
Bird Box ငှက်အိမ်လေးတဲ့ ဒီနာမည်ပေးထားတာလေးကိုချီးကျူးမိတယ် ဇာတ်လမ်း
နဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plotကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်
ထူးထူးခြားခြားကြီးမရှိဘူး ဒါပေမယ့်ကြည့်ရတာတော့သိပ်ကိုထူးခြားမှာပါ အဲ့လိုထူးခြား
အောင်လဲ မင်းသမီးကြီး Sandra Bullockကဆွဲခေါ်ပေးသွားတာပါ ကလေးသရုပ်
ဆောင်နှစ်ယောက်ကလဲလျှမ်းလျှမ်းတောက်ပဲမင်းသမီးကြီးကို The Blind Side တို့
Gravity တို့မှာကတည်းကကြွေတာ အခုဒီကားမှာလဲ သူတစ်ယောက်တည်းနဲ့တင်
ဇာတ်အိမ်တစ်ခုလုံးစလယ်ဆုံး survivalဆိုတဲ့အခြေနေကိုပေါ်လွင်အောင်ဖမ်း
စားပေးနိုင်တယ် ဒီကားက thriller နဲ့ dramatype လို့ပြောထားပေမယ့် thriller ကိုတော့
သိပ်မခံစားရဘူး drama ဘက်ပိုအလေးသာတယ်လို့ ထင်မိတယ်အဲ့ဒါကလဲ ဒါရိုက်တာ Susanne Bier ကြောင့်နေမယ်သူက drama တွေအရိုက်များတယ်ဆိုတော့
thriller ဖြစ်စေမယ့် scene တွေမှာသမားရိုး
ကျဆန်နေတယ်ဒီ Bird Box လေးဟာ 2014 ကအမေရီကန်စာရေးဆရာ Josh Malermanရဲ့ ဝတ္ထုကိုပြန်အသက်သွင်းထားတာမို့လို့
movie ရဲ့ပေးချင်တဲ့ message က စာအုပ်နဲ့ထပ်တူထပ်မျှပါပဲ demon ကောင်တွေ
ဘာညာတွေက အဓိကမဟုတ်ဘူးပေါ့သင်သာ survival အခြေနေရောက်ရင်
ဘယ်သွားသွားမျက်လုံးအဝတ်စည်းပြီးသွားရ မယ်ဆိုရင်ဘယ်လိုခံစားရမလဲ
ဘယ်လောက်ထိ ရဲဆေးတင်ဖို့လိုမလဲဆိုတာကို မိန်းမတစ်ယောက်ရဲ့ ခွန်အားဆုံးဖြတ်နိုင်
စွမ်းနဲ့ Sandra Bullock ရဲ့ အနုပညာ
အရောနှောလေးပေါင်းပြီးEnd of the World
ဖီလင်လေးကို ခံစားကြည့်ရတာ သင့်အတွက်တွေးစရာလေးတစ်ခုရသွားမယ်ဆိုရင်တော့
မမှားပါဘူးဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင်က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်

Rating
IMDb-6.6
Rotten Tomatoes-64%
Credit: Channel Myanmar

Download Link

Comments

Popular posts from this blog

Naked Weapon (2002) [ Maggie Q + Almen Wong Pui-Ha + Daniel Wu + Marit Thoresen ] { Action , Crime , Drama , Romance , Thriller } Hong Kong နပမ်းကား

Friends (2002) [ Won Bin + Kyoko Fukada + Han Hye-jin ] { Drama } Korea TV Series

Garam Masala (2005) [ Akshay Kumar , John Abraham , Paresh Rawal , Rimi Sen , Neetu Chandra , Nargis Bagheri , Daisy Bopanna , Neha Dhupia , Daisy Shah ] India