Joker Game (2015) [ Kazuya Kamenashi + Kyoko Fukada + Yūsuke Iseya + Richard Moss + Jasper Bagg ] { Action , Thriller } Japan
IMDB: 5.5/10 300 votes
1 win.
ရုပ်ရှင်အညွှန်း
===========
Kato ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်လေ့ကျင့်ရေး စခန်းတစ်ခုက စစ်သားတစ်ယောက် ဖြစ်ပါတယ်။ မမျှော်လင့်တဲ့ ပစ်မှုတစ်ခုကြောင့် Kato ဟာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခံရပြီး ဘဝဆုံးပြီ ထင်ခဲ့ရပေမယ့် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့ D Agency က လာရောက်ကယ်တင်သွားပါတယ်။ဗိုလ်မှူးကြီး ယုကီဟာ ဂျပန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ D Kikan ရဲ့ ခေါင်းဆောင်ဖြစ်ပြီး စစ်ပွဲကြီးရဲ့ အဆုံးသတ်ကို ကြိုတင်ခန့်မှန်းနိုင်သူလည်း ဖြစ်ပါတယ်။ စစ်ရှုံးတော့မယ့် ဂျပန်နိုင်ငံ လုံးဝပြိုလဲသွားနိုင်တဲ့ အခြေအနေကို ကြိုတင်သိမြင်နေပေမယ့် လုပ်ပိုင်ခွင့် မရှိတာကြောင့် ရနိုင်သမျှ လူအင်အား စုဆောင်းပြီး ထောက်လှမ်းရေး သင်တန်းကျောင်းကို တည်ထောင်ထားတာ ဖြစ်ပါတယ်။Kato ဟာ D Kikan ပညာသင်ယူပြီးနောက် တာဝန်ထမ်းဆောင်ဖို့ အချိန်ကျရောက်လာတဲ့အခါ ဟောင်ကောင်ကို ထွက်ခွာသွားပါတယ်။ ဟောင်ကောင်မှာ အမေရိကန် သံအမတ်ကြီး Graham ရဲ့ Black Note ကို ခိုးယူဖို့ Kato တာဝန်ကျပါတယ်။ ဒါပေမယ့် Graham ဆီက ဒီ Black Note ကို ဗြိတိသျှ ထောက်လှမ်းရေး၊ ဆိုဗီယက် ထောက်လှမ်းရေးနဲ့အတူ အခြား စပိုင်တွေကပါ ရယူချင်နေကြပါတယ်။ တဖက်ကလည်း Kato ဟာ ဂျပန်အစွန်းရောက် ဝါဒီတွေကို သတိပြုနေရပါသေးတယ်။ဒီအဖြစ်အပျက်တွေ ကြားထဲမှာ Rin လို့ခေါ်တဲ့ လျှို့ဝှက်တဲ့ မိန်းကလေး တစ်ယောက်ပါ ပါဝင်လာတဲ့အခါ….။
Kato အဖြစ် Kazuya Kamenashi ၊ Rin အဖြစ် မင်းသမီးချော Kyoko Fukada ၊ ဗိုလ်မှူးကြီး Yuki အဖြစ် Yusuke Iseya ၊ သံအမတ်ကြီး Graham အဖြစ် Richard Moss နဲ့ ဗြိတိသျှထောက်လှမ်းရေးအရာရှိ Campbell အဖြစ် Jasper Bagg တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Joker Game ဇာတ်ကားဟာ လျှို့ဝှက်သည်းဖို စုံထောက် ဇာတ်လမ်း ဖြစ်ပါတယ်။ ဒါရိုက်တာ Yu Irie ရိုက်ပြီး စာရေးဆရာ Koji Yanagi ရဲ့ လေးအုပ်တွဲ ဝတ္ထုရှည်ကြီးထဲက ပထမပိုင်းကို အသက်သွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb မှာ Rating 5.5 ရထားပြီး အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလို့ ပြောနိုင်ပါတယ်။အစပိုင်းမှာ ဂျပန်နိုင်ငံရဲ့ စစ်အတွင်းက စစ်တပ်က အရာရှိကြီးတွေ အကြောင်းနဲ့ စထားပေမယ့် တကယ် လှုပ်ရှားမယ့် ဇာတ်ကောင် Kato ကို သီးခြား မိတ်ဆက်ပေးပြီးမှ Kato ရဲ့ အရည်အချင်းတွေကို ဖော်ပြထားတာ တွေ့ရမှာပါ။ တချို့အခန်းတွေမှာ တတ်နိုင်သလောက် ဘတ်ဂျက်ချုံ့ထားသလို မူရင်းဝတ္ထုကို မီအောင် ဖန်တီးရတာကြောင့် အနည်းငယ် လိုအပ်ချက်တွေ ရှိနေပါတယ်။ အနည်းငယ် ယုတ္တိမရှိပဲ အိုဗာ ဖြစ်နေတာလေးတွေက လွဲရင် ဇာတ်လမ်းရော ဇာတ်ကွက်ကပါ သိပ်မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ Rin က Kato ကို ပြန်လိုက်ခေါ်တဲ့အခန်း၊ သံအမတ်ကြီးအခန်းထဲမှာ ပေါ်သွားတဲ့အခန်းနဲ့ နာရီစင်ကို ဖောက်ခွဲပစ်တဲ့အခန်းတို့မှာ နည်းနည်း ယုတ္တိလွန်နေပြီး ပေရှည်နေပေမယ့် ဇာတ်လမ်းကိုတော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးထားနိုင်တာ တွေ့ရပါတယ်။ အက်ရှင်နဲ့ သူလျှိုဇာတ်အိမ်တွေကို နှစ်သက်သူတွေ ကြည့်သင့်တဲ့ကားလို့ ညွှန်းဆိုပါရစေ။
Hollinaz(ရုပ်ရှင်အညွှန်းကို mmmovieguide.com မှကူးယူဖော်ပြပါသည်။)
File size…(900MB)and (430MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:48:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Credit : Channel Myanmar
Download Link

Comments
Post a Comment