My Rainy Days (2009) [ Nozomi Sasaki + Shosuke Tanihara + Saki Kagami + Hikaru Yamamoto + Mayumi Wakamura ] { Drama , Romance } Japan
IMDB: /10 votes
ရုပ်ရှင်အညွှန်း
===========
ဦး ကို စတွေ့ဖူးတာ ဓါတ်ပုံချင်း မှားကတည်းက လို့လူတွေက ထင်ကြတယ်
မဟုတ်ဘူး ဦး…သမီး ဦးကို စတွေ့ဖူးတာက ဆေးရုံတစ်ခု ရဲ့ခုံထောင့် ဟိုဘက်ခြမ်းမှာ ဦး ထိုင်နေကတည်းကပဲအဲ့ဒီအချိန်ကတည်းက ဦးမှာ အပူအပင်တွေ ရှိခဲ့သလိုသမီးရောပဲ အပူအပင်တွေ ရှိခဲ့ကြဖူးတယ်…နောက်တစ်ကြိမ်အနေနဲ့ကတော့ တိုက်ဆိုင်မှုလို့ မထင်တော့ပါဘူးယောင်္ကျားတစ်ကာ ရဲ့ အသဲကို သမီးက ခွဲခဲ့ဖူးတယ်သမီးရဲ့ အသဲကို ကွဲအောင် လုပ်မယ့်သူ ကတော့ဦး တစ်ယောက်ထဲ ရှိတယ်…မိန်းကလေးငယ်လေး တစ်ယောက်က ဦး အနောက်ကနေတစ်ကောက်ကောက် လိုက်နေတာ ဦး စိတ်ညစ်နေပြီလားဦး ကို ချစ်တယ်လို့ အကျယ်ကြီး လူတွေကြားအော်ပြောတော့ဦး ရှက်ပြီး ထွက်ပြေးတယ်နော်အဲ့ဒါက ချစ်ဖို့ အရမ်းကောင်းနေတာဦး နဲ့ တစ်ခါ ဒိတ်ခွင့်ရဖို့က အရမ်းဈေးကြီးတယ်နော်သမီး စိတ်မ၀င်စားတဲ့ သမိုင်းကြောင်းတွေကိုသင်ပေးနေတဲ့ ဆရာတဲ့လားစာမေးပွဲအောင်ရင် ရုပ်ရှင် အတူတူကြည့်ခွင့်ရမှာနော်ဥာဏ်မကောင်းချင်ရုံ ဆောင်ထားတဲ့ ကလေးမ မို့ဦး အတွက် အရာအားလုံးကို ကြိုးစားပြီးစာမေးပွဲတောင် ပြန်ဖြေခဲ့တယ်…ဦး ရဲ့ စာသင်ခန်းထဲမှာ လိုက် ရှုပ်ပါရစေ..ဦး ရဲ့ အိပ်ခန်းထဲမှာ သမီး လို မိန်းကလေးချောချောလေး ရှိနေတာတောင် အခွင့်အရေးမယူဖူးတဲ့လားဦးမှာ ချစ်ရတဲ့သူ ရှိနေတာလားဦး နဲ့ အတူ မိုးရေတွေထဲ ထီး တစ်ချောင်းထဲအတူတူ ဆောင်းပြီး လမ်းလျှောက်ချင်တဲ့ကောင်မလေးက ထီးပျောက်ချင်ယောင်ဆောင်ခဲ့ရသေးတာပဲ..ခပ်ဆိုးဆိုး ကောင်မလေး ဟာဦး ကို ချစ်တဲ့ အချစ်တွေ နဲ့ လမ်းမှန်ပေါ်ပြန်ရောက်ခဲ့သလို စာတော်တဲ့ ကလေး ပြန်ဖြစ်ခဲ့တယ်ဒါပေမဲ့ ဦးက မိုးရေတွေထဲ ထားခဲ့ပါတဲ့လားဘယ်လို ထားရက်ခဲ့နိုင်မှာလဲယောင်္ကျားလေးတွေက သမီး အတွက် မျက်ရည်ကျခဲ့ပေမဲ့ဦး အတွက် တော့ သမီးက မျက်ရည် ၀ဲခဲ့ရတယ်..ပထမဆုံး ချစ်တက်ခဲ့တဲ့ နှလုံးသား နဲ့နောက်ဆုံးချစ်မယ့်သူ က ဦးပဲ ဖြစ်ပါစေ…My Rainy Days (2009)#ThitSanKhant
အချစ်……..
ကျွန်တော်တို့ အမြဲတမ်း အဓိပ္ပါယ်တွေဖွင့်ဆိုမိကြတယ်။
ဒါပေမယ့်လဲ မကြုံဖူးသေးသရွေ့ သေလောက်အောင် အဓိပ္ပါယ်ဖွင့်နေလဲ မပြည့်စုံတဲ့ အရာပေါ့။
အများပြောတွေနဲ့ ..တူညီမှုမရှိ…ပြည့်စုံမှုမရှိ….ကိုယ်တိုင်ခံစားမိမှ သိမယ့် အရာမျိုး…….။
အချစ်ကြောင့် ဘဝတွေပြောင်းလဲကုန်တယ်……ကောင်းတာတွေရော…ဆိုးတာတွေရော…….
မချစ်ဘူးလို့ သတ်မှတ်ထားလို့လဲ မရ……ချစ်မယ်လို့ စိန်ခေါ်ထားလို့လဲ မရတဲ့ ဒီအချစ်မှာ
သေချာတာကတော့ ကိုယ်တိုင်ပဲခံစားမှ သိမှာပါ။
အဲ့…….သူများခံစားနေတာကို လိုက်ပါခံစားချင်တယ်ဆိုရင်တော့ ဒီဂျပန်ဇာတ်ကားလေးကို
ကြည့်ရှုခံစားပေးပါ။ဂျပန်မင်းသမီးချော Nozomi Sasaki အဓိကပါဝင်ထားတဲ့ Drama, Romance အမျိုးအစား
ဂျပန်ဇာတ်ကားဖြစ်ပါတယ်။
IMDb Rating (7/10) ထိရရှိထားလို့ Romance ဇာတ်ကားတွေထဲမှာတော့ Rating မြင့်တဲ့ဇာတ်ကားပါ။
(မြန်မာစာတန်းထိုးကိုတော့ U U Zay Myo မှကိုယ်တိုင်ဘာသာပြန်တင်ဆက်လိုက်တာပါ။)
File size…(850MB)and (450MB)
Quality…Blu-ray Rip 720p
Format…mp4
Duration….01:59:53
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Credit : Channel Myanmar
Download Link

Comments
Post a Comment