The Third Person (2013) [ Liam Neeson + Maria Bello + Mila Kunis + Kim Basinger + Olivia Wilde ] Belgium , USA , UK , Germany



IMDB: 6.4/10 23,037 votes

1 win.

ရုပ်​ရှင်​အညွှန်း
==========

နာမည်ကျော် မင်းသား တစ်ဦး ဖြစ်တဲ့ Liam Nesson ပါဝင် သရုပ်ဆောင် ထားတဲ့ ဒရာမာ ကားလေး 
တစ်ကားဖြစ်ပါတယ်။ R Rated ဖြစ်တာကြောင့် 18+ အခန်းတွေပါဝင်လို့ 
မိသားစုနဲ့ မကြည့်ရှု့ သင့်တဲ့ အခန်းတွေ ပါဝင်တယ် ဆိုတာကိုတော့ ကြိုတင် ပြောထားပါရစေ။ 
ဇာတ်လမ်းလေးကတော့ ပဲရစ် နယူးယောက် နဲ့ ရောမမြို့ တို့မှာ ဖြစ်ပျက် ခဲ့တဲ့ ဆက်စပ်
နေတဲ့ အချစ်ဇာတ်လမ်းသုံးခု အကြောင်းကို ရိုက်ထားတာပါ။ ဇာတ်လမ်း အကျဉ်းကတော့ 
မိုက်ကယ် ဟာ ပူလစ်ဇာ ဆုရထားတဲ့ စာရေးဆရာတစ်ယောက်ပါ တစ်လောကပဲ ဇနီးဖြစ်သူနဲ့ ကွဲထားပြီး 
အခု ပဲရစ် မြို့က ဟိုတယ် တစ်ခုမှာနေပြီး သူ့စာအုပ်ကို လက်စသတ်နေတာပါ။ သူဇနီးဖြစ်တဲ့ Elaine 
နဲ့ ပြတ်ဆဲပြီးတဲ့နောက် Anna ဆိုတဲ့ ဂျာနယ်လစ်ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်နေသူပါ။
အဲ့အချိန်မှာပဲ Scott ဆိုတဲ့ အမေရိကန်က စီးပွားရေးသမားတစ်ယောက်ဟာ အီတလီက ဖက်ရှင်ဟောက်စ်တွေက 
ဒီဇိုင်းတွေကို ရယူဖို့ရောက်နေတာပါ အီတလီ မှာရှိတဲ့ အရာတိုင်းကို မုန်းနေတဲ့ စကော့တစ်ယောက် ဘားတစ်ခုထဲမှာ 
သူ့သမီးဆီကို သွားမဲ့ Monika ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ဒီလိုနဲ့ သမီးကို တွေ့ဖို့ စီစဉ် 
နေတဲ့ မော်နီကာ တစ်ယောက် အခက်အခဲ တစ်ခုဖြစ်ရာမှ စကော့ကလည်း ဂရုဏာသက်ပြီး လိုက်ပို့ဖို့ စီစဉ်တာပေါ့ 
ဒီလိုနဲ့လိုက်ပို့ရင်းနဲ့မှ စကော့ တစ်ယောက် သိလိုက်ရတာက အသေးစိတ် ပြင်ဆင်ထားတဲ့ ကစားပွဲတစ်ခုထဲ 
သူရောက်နေတယ်ဆိုတာပါပဲ။ ဂျုလီယာ ဆိုတဲ့ အော်ပရာ မင်းသမီးဟောင်း ကတော့ သူ့ အမျိုးသားဟောင်း 
ရစ်ခ် ကို သူ့ နှစ် အရွယ် သားလေးကို ပြန်ရဖို့ အမှု့ရင်ဆိုင်နေရတာပါ။ သူမရဲ့ ပြစ်မှု့တွေကြောင့် သူမဟာ 
တစ်ချိန်က သူမ အကြိမ်ကြိမ် တည်းခိုခဲ့ ရတဲ့ ဟိုတယ်လ်မှာ သန့်ရှင်းရေး ၀န်ထမ်း ဘ၀ ပြန်ရောက်နေရတာပါ။
တစ်ဖက်မှာလည်း ရစ်ခ်က သူ့ ကောင်မလေး အသစ် ဆမ် နဲ့ အတူ ဘ၀ တစ်ခု တည်ထောင်ပြီး သူ့သားလေးနဲ့ အတူ 
အေးဆေး သက်သက် သာသာ နေချင်တာပါ။ ဒီလိုနဲ့ တစ်ဖက်က ဟိုတယ်လ် သန့်ရှင်းရေးဘ၀ရောက်နေတဲ့ 
ဂျုလီယာ နဲ့ နာမည်ကျော်ပန်းချီ ဆရာ ရစ်ခ် တို့ရဲ့ ကြားမှာလည်း ဘယ်သူက သားလေးကို ရသွားမလဲ ဆိုတာကို 
ကြည့် ရအုံးမှာပါ။ ဒီလို ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းသုံးခု ကြားမှာ ဘယ်လို အဆက်အစပ်တွေ ရှိနေမလဲ ဘာတွေ 
ဘယ်လို ဖြစ်လာမှာလဲ ဆိုတာ ကို လှည့်ကွက်တွေ ကြည်နှုး စရာ ဒေါသထွက် စရာ တွေနဲ့ အတူ စိတ်ဝင်တစား
ကြည့်ရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ခင်ဗျာ။


File Size : (800MB) and (370 MB)
Quality : BluRay 720p
Running Time : 2h 17min 
Format : Mp4
Genre : Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BluRay x264 YTS.AG
Encoded by A_Z
Credit: Channel Myanmar

Download Link

Comments

Popular posts from this blog

Naked Weapon (2002) [ Maggie Q + Almen Wong Pui-Ha + Daniel Wu + Marit Thoresen ] { Action , Crime , Drama , Romance , Thriller } Hong Kong နပမ်းကား

Friends (2002) [ Won Bin + Kyoko Fukada + Han Hye-jin ] { Drama } Korea TV Series

Garam Masala (2005) [ Akshay Kumar , John Abraham , Paresh Rawal , Rimi Sen , Neetu Chandra , Nargis Bagheri , Daisy Bopanna , Neha Dhupia , Daisy Shah ] India