Wonderstruck (2017) { Drama , Family , Mystery } USA



IMDB: 6.8/10 1,848 votes

1 win & 18 nominations.

ရုပ်​ရှင်​အညွှန်း
==========

ဒီဇာတ်ကားလေးက IMDb 6.6 ရ ထားပြီး စာရေးဆရာ Brian Selznick ရဲ့ 2011 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Wonderstruck ဆိုတဲ့ Novel ကို ပြန်လည်အသက်သွင်းထားတာပါမိဘမဲ့ကလေးဖြစ်တဲ့ ဘန် ဆိုတဲ့ကောင်လေးဟာ မွေးတည်းက နားတစ်ဖက်မကြားတဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်သူဟာ သူ့ရဲ့ဖခင်ကို ဘယ်တုန်းကမှ မသိခဲ့သလို သူ့အမေကလဲ တစ်ခါမှမပြောပြခဲ့ဖူးပါဘူးဘန်ရဲ့မိခင်ပိုင်တဲ့ စာအုပ်လေးတစ်အုပ်ရဲ့ကြားထဲက Bookmark လေးမှာ ရေးထားတဲ့ စာတိုလေးမှာ Love Danny လို့အဆုံးသတ်ထားတာကိုတွေ့ခဲ့ပြီး သူ့အဖေနာမည်ဖြစ်ရမယ်လို့ တွေးခဲ့တယ်တစ်ည သူတို့အိမ်ကို မိုးကြိုးပစ်လိုက်ရာက ဘန် ရဲ့ ကျန်ရှိနေတဲ့နားတစ်ဖက်ကိုလျှပ်စီးဝင်ပြီး လုံးဝနားမကြားသူတစ်ဦး ဖြစ်သွားခဲ့တယ်

သူ့ရဲ့ဖခင်ကိုရှာပုံတော်ထွက်ဖို့အတွက် ဆေးရုံကထွက်ပြေးပြီး နယူးယောက်မြို့ကြီးကို တစ်ယောက်တည်း ထွက်လာခဲ့ပါတယ်တစ်ယောက်တည်းဒုက္ခရောက်နေတုန်း ဂျေမီဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး နယူးယောက်မြို့ သဘာဝသမိုင်းပြတိုက်မှာ ပုန်းအောင်းနေခဲ့ကြတယ်တစ်ဖက်မှာလည်း ရို့စ်ဆိုတဲ့ ကလေးမလေးဟာ မွေးတည်းကနားမကြားတဲ့သူတစ်ယောက်ပါပဲရို့စ်ကလဲ အိမ်မှာ မပျော်ရွှင်လို့ သူအရမ်းသဘောကျတဲ့ မင်းသမီးကြီး လီလီယန်ကို ရှာဖွေဖို့ နယူးယောက်မြို့ကိုထွက်လာခဲ့သူပါလီလီယန်ကိုတွေ့ခဲ့ပေမဲ့ ထင်ထားသလို ဖြစ်မလာပဲ ဒုက္ခရောက်နေခဲ့တဲ့အတွက် သူမ အစ်ကိုဖြစ်သူ ဝယ်လ်တာက ကူညီရင်း နယူးယောက်မြို့ သဘာဝသမိုင်းပြတိုက်မှာ အလုပ်ရှာပေးခဲ့တယ်ဒါပေမဲ့ ဒီဇာတ်လမ်းမှာ ရို့စ် နဲ့ ဘန် ရဲ့ အဖြစ်အပျက်က နှစ် ၅၀ ကွာခြားပါတယ်သူတို့နှစ်ယောက်ရဲ့ ဘဝ နှစ်ခုကို တစ်လှည့်စီ ရိုက်ပြသွားတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းပါတယ်နောက်ဆုံး သူတို့ နှစ်ယောက် ဆုံတွေ့ခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ဆက်နွယ်နေကြလဲဆိုတာကို ဆက်ကြည့်ရမှာပါ 


File Size : (900 MB) and (300 MB)
Quality : WEB-DL 720p
Running Time : 1hr 56min
Format : Mp4
Genre : Drama, Family, Mystery
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.WEB-DL.DD5.1.H264-FGT
Translated by Khin Pyae Sone Kyaw
Encoded by Thanhtike Zaw
Credit: Channel Myanmar

Download Link

Comments

Popular posts from this blog

Naked Weapon (2002) [ Maggie Q + Almen Wong Pui-Ha + Daniel Wu + Marit Thoresen ] { Action , Crime , Drama , Romance , Thriller } Hong Kong နပမ်းကား

Friends (2002) [ Won Bin + Kyoko Fukada + Han Hye-jin ] { Drama } Korea TV Series

Garam Masala (2005) [ Akshay Kumar , John Abraham , Paresh Rawal , Rimi Sen , Neetu Chandra , Nargis Bagheri , Daisy Bopanna , Neha Dhupia , Daisy Shah ] India